၂၀၂၄-၂၀၅ ခုနှစ် ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဇွန် ၄

Tuesday, June 4, 2024 - 16:30

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများ နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဇွန်လ ၃ ရက်မှစ၍ စတင် ဖွင့်လှစ်ခဲ့သည်။ ထိုသို့ ကျောင်းများဖွင့်လှစ်ပြီး စာသင်ကျောင်းများတွင် သက်ဆိုင်ရာ အတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချ ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက  အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများကို သင်ရိုးညွှန်းတန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG မှ မူလတန်းအထိ ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်း များတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက်   ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၆၆၇၂၃၂၉ ဦး ကျောင်းအပ်နှံထားရှိပြီး ၆၄၁၄၇၉၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သသင်းရရှိသည်။