မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ ကို သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဇွန် ၄

Tuesday, June 4, 2024 - 16:30

          ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံ‌ရေးဆောင်ရွက်လျက်ရှိသည့် လမ်းကြောင်းတစ်လျောက် မှ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူ ၁၀ ဦးကျော် သတ် ဖြတ်ခံရကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများ ကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံ ရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

          ဖြစ်စဉ်အမှန်မှာ  မင်းလှမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် နယ်မြေလုံခြုံ ရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက်သ မားများက မေလ ၂၉ ရက်နှင့် ၃၁ ရက်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွား ခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများထံမှ အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက်နှင့် ဖောက်ခွဲရေးပစ္စည်းအချို့ ကို သိမ်းဆည်းရမိခဲ့ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည်မှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်လျက် ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင် လွဲမှားစေရန်နှင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် မြေပြင်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်လွဲမှားစွာ လုပ်ကြံရေးသားပြီး အရှက်တရားမဲ့စွာ လှုံ့ဆော် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။