မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၂၉-၅-၂၀၂၄) အသိပေးကြေညာချက်

Wednesday, May 29, 2024 - 18:45

အသိပေးကြေညာချက်

၁။           Online Social Media Platform များဖြစ်သည့် Facebook၊ Viber၊ Telegram အစ ရှိသည်တို့ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့် အကောင့် (Fake Account) များအသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့် သတင်းများကို ထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ် တွေ့ရှိနေရပါသည်။

၂။         အဆိုပါ Website များကိုလိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါသည်။ AD လိုင်စင်ရဘဏ်များအနေဖြင့် ဘဏ်၏ တရားဝင် Website များတွင် Exchange Counter ၏ အရောင်းအဝယ် ငွေလဲလှယ်နှုန်းများကို ကြေညာပေးလျက် ရှိပြီး အောက်ဖော်ပြပါ Website များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

စဉ်

ဘဏ်အမည်

Webpage Link

က

KBZ

https://www.kbzbank.com/en/

AYA

https://ayabank.com/personal-banking/other-services/foreign-currency-exchange-service#foreign_currency_ exchange_rate

MAB

https://www.mabbank.com/gtb

uab

https://www.uab.com.mm/

A Bank

https://www.abank.com.mm/en_US/

CB

https://www.cbbank.com.mm/en

Yoma

https://www.yomabank.com/

MCB

https://mcb.com.mm/

MOB

https://www.mobmyanmar.com/

၃။         သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့် မမှန်ကန်သည့် Website ကြေညာချက် များကို ယုံကြည်မှုမရှိဘဲ သက်ဆိုင်ရာဘဏ်များ၏ Webiste တွင် ငွေလဲလှယ်နှုန်းများကို ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၂၉-၅-၂၀၂၄)