မောင်တောမြို့တွင် WY စာတမ်းပါ စိတ်ကြွဆေးပြား ၇၅၀၀၀၀ ပြားဖမ်းဆီးရမိ နေပြည်တော်၊ ၂၀၂၄၊ မေ -  ၂၈

Tuesday, May 28, 2024 - 17:30

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဝိမလရပ်ကွက်၊ အိမ်အမှတ်(၂၀၈)နေ မြင့်နိုင်ထူး (ဘ) ဦးအောင်ကျော်ထွန်း၏ နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၇ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ပလတ်စတစ်ပုံး(အနီရောင်) ၂ ပုံးဖြင့် ထည့်ထားသည့် စက္ကူထုပ် ၇၇ တောင့်တွင် WY စာတမ်းပါစိတ်ကြွဆေးပြား ၇၅၀၀၀၀ ပြား (တန်ဖိုးငွေ ၁ ဒသမ ၅ ဘီလီယံကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ မြင့်နိုင်ထူး(ဘ)ဦးအောင်ကျော်ထွန်းအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။