မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တမာကုန်းကျေးရွာမှ ဒေသခံပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ၎င်းရက်တွင် တမာကုန်းကျေးရွာအနီးတစ်ဝိုက် တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သော်လည်း ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များ အပေါ် အခြေခံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိရာ ယခုဖြစ်စဉ်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည်ကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။