နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်    မေ     ၂၃

Thursday, May 23, 2024 - 16:45

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံမိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။

          အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်း သန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကများ၊  ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအ သင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် လူဉီးရေ(၅၄)သန်းကျော် ရှိသည့်အနက် (၆၀ရာခိုင်နှုန်း)ကျော်သည် မိခင်နှင့် ကလေးများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မိခင်သေနှုန်း၊ မွေးကင်းစတစ်နှစ်အောက်နှင့် ငါးနှစ်အောက် ကလေးများ သေနှုန်းသည် နိုင်ငံတော်၏ အရေးကြီးသည့် ကျန်းမာရေးအညွန်းကိန်းတစ်ခု ဖြစ်ပါကြောင်း၊ မိခင်နှင့် ကလေးသေဆုံးမှုနှုန်းကို လျော့ချနိုင်သည်နှင့် အတူမိမိတို့နိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်းသည်လည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အကြီးအကဲက မိခင်နှင့် ကလေးကျန်းမာရေးကိစ္စ၊ ပြည်သူတစ်ရပ်လုံးကျန်းမာပြီးသက်တမ်း ရှည်စွာနေနိုင်ရေးကိစ္စများကို ဉီးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်များအဖြစ် လမ်းညွှန်ထား ရှိပါကြောင်း။

          မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များအနေဖြင့် အသင်းကြီး၏ အဓိကလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးပြီး ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွယ်ဌာန၊ မိတ်ဖက်အဖွဲ့ အစည်းများဖြင့် လက်တွဲညီညီ လျှောက်လှမ်းနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားမှုမှတ်တမ်း ဗွီဒီယိုကို ပြသသည်။

          ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးစသည့် ကဏ္ဍကြီး (၄)ရပ်လှုပ်ရှားမှုအတွက် ကဏ္ဍအလိုက် ထူးချွန်ဆုများချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပရာ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ  က ပညာရေးကဏ္ဍလှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ တတိယဆု ရရှိသည့် တနင်္သာရီတိုင်းဒေသကြီးနှင့် နှစ်သိမ့်ဆုရရှိသည့် ကယားပြည်နယ်တို့မှ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌများက လက်ခံရယူကြသည်။

          ဆက်လက်၍ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး က လူမှုရေးကဏ္ဍလှုပ်ရှားမှု အတွက် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်၊ တတိယ ဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပူးတွဲတတိယဆုရရှိသည့် ရခိုင်ပြည်နယ်တို့မှ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များကို လည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ် က စီးပွားရေးကဏ္ဍလှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တို့မှ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ကျန်းမာရေးကဏ္ဍလှုပ်ရှားမှုအတွက် ပထမဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆု ရရှိသည့် ကရင်ပြည်နယ်တို့မှ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့များကိုလည်း ကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

          ထို့နောက်  ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီး ကြပ်ရေးအဖွဲ့တို့၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။

          ယင်းနောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ သည် ကိုယ်ဝန်ဆောင်မိခင်များ ကို အာဟာရဖြစ်စေမည့် အစားအစာများ ထောက်ပံ့ပေးပြီး (၅)နှစ်အောက်ကလေးငယ်များ အား အမီလိုက်ကာကွယ်ဆေးများ တိုက်ကျွေးပေးကာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲများက ဒေသထွက်ကုန်ပစ္စည်းများ နှင့် ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

          ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် က အဖွင့်အမှာစကားပြော ကြားသည်။

          ထို့နောက် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးက ၂၀၂၃ ခုနှစ် နှစ်ချုပ်အစီရင်ခံစာကိုလည်းကောင်း၊ အသင်းဘဏ္ဍာရေးမှူးက ၂၀၂၂ - ၂၀၂၃ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၃ - ၂၀၂၄ ရသုံးမှန်းခြေစာရင်းကိုလည်းကောင်း ဖတ်ကြား တင်သွင်းကြသည်။

          ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့များက ၂၀၂၃ ခုနှစ် နှစ်ချုပ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာကြသူများက  အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ် နိုင်ရန် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။