ဝိုင်းမော်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မေ ၂၁               

Tuesday, May 21, 2024 - 18:30

        ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA သောင်းကျန်း သူများ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ မေလ ၂၀ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

          KIA သောင်းကျန်းသူများသည် ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ရာတွင် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ ညှာမှုမရှိဘဲ ကျေးရွာများအတွင်းမှ နေအိမ်များနှင့်ပြည်သူများကို အကာအကွယ်ယူ တိုက်ခိုက်ခြင်း၊ ၎င်းတို့၏လုပ်ရပ်များကို ထောက်ခံအားပေးခြင်းမရှိသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခု ဖြစ်စဉ်မှာလည်း ခတ်ချိုကျေးရွာမှ ဒေသခံပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် မဟုတ်မမှန်လုပ်ကြံရေးသားကာ လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ် ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။