ဖောင်းပြင်မြို့နယ်ရှိ ဒေသခံ ၆ ဦးကို တပ်မတော်စစ်ကြောင်းက သတ်ဖြတ်ကာ ရွာကိုမီးရှို့ခဲ့ကြောင်း မဟုတ်မမှန် သတင်းများကို လှုံ့ဆော်ဝါဒဖြန့်ရေးသားလျက်ရှိ နေပြည်တော်၊ မေ ၁၉

Sunday, May 19, 2024 - 16:30

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အင်းဝိုင်းကျေးရွာတွင် မေလ ၁၇ ရက် နေ့က တပ်မတော်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ ၁၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဒေသခံ ၅ ဦးကို သတ်ဖြတ်သွားပြီး ရွာကိုမီးရှို့ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသား ထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ဝါဒဖြန့် ရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

          အထက်ပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ မေလ ၁၇ ရက်နေ့တွင် တပ်မတော်က  အင်းဝိုင်းကျေးရွာ သို့ နယ်မြေလုံခြုံရေးသွားရောက်ဆောင်ရွက်မှုမရှိသလို ဒေသခံများအား သတ်ဖြတ်ခဲ့ သည်ဆိုသည့်သတင်းနှင့် ရွာအားမီးရှို့ခဲ့သည်ဆိုသည့်သတင်းတို့မှာလည်း သတင်းတု သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများသည်  လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားကာ လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။