မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာတို့ကို မေလ ၁၆ ရက်နေ့ က နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည့်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်အခြေခံရေးသား ထားသည့် သတင်းတု၊ သတင်းအမှားများကြောင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့် လာခြင်းနှင့် အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်လာပြီး နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိပါသည်။ ယခုဖြစ် စဉ်တွင်လည်း ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံ ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာအတွင်းမှ အကြမ်းဖက် သမားများက လက်လုပ်လက်နက်ကြီးများ၊ လက်လုပ်သေနတ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထို့နောက် အကြမ်းဖက်သမားများမှ ထိခိုက်သေဆုံးမှုများစွာဖြင့် ကျေးရွာ အတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရသည်။ တရားမဝင် ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြထားသကဲ့သို့ နေအိမ်များမီးရှို့ဖျက်စီးခြင်းနှင့် ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့သည်မှာ လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်း အမှားများသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါ သည်။