လက်ပံတန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၃၀ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မေ ၁၆

Thursday, May 16, 2024 - 15:45

          ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတွင် မေလ ၁၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေငံကျေးရွာမှ ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၃၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားထား သည့် သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရပါသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေငံကျေးရွာမှ ဒေသခံ ၁ ဦးကို သတ်ဖြတ် ခြင်းနှင့် ပြည်သူ ၃၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်မှုမရှိကြောင်း၊ ၎င်း ရက်နေ့တွင် ရေငံကျေးရွာနှင့် အနီးဝန်းကျင်များတွင် အကြမ်းဖက်သမားများနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ မေလ ၁၃ ရက်နေ့က ရေငံကျေးရွာနှင့် ထန်းတော ကျေးရွာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အကြမ်းဖက်သမားများမှ မိုင်းထောင်ရန် ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြည်သူများထိခိုက်မှုမရှိစေရန်အတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်း များဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများစွာဖြင့် ထွက်ပြေးသွား ခဲ့သည်။

          ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အကြမ်းဖက် သမားများ မိုင်းထောင်နေသည့်နေရာအား ရှင်းလင်းခဲ့ရာ လက်လုပ်မိုင်း ၃ လုံး၊ ဝါယာကြိုး ၃ ခွေ နှင့် ဘတ္ထရီအိုး ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ထန်းတောကျေးရွာ အနီးမှ ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသော အကြမ်းဖက်သမားအလောင်း ၂ လောင်းနှင့်အတူ လက်လုပ်မိုင်းများ၊ ဖောက်ခွဲရေးပစ္စည်များကို သိမ်းဆည်းရမိခဲ့ပါ သည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများသည် တပ်မတော်အပေါ် နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်ရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မြေပြင်အခြေအနေနှင့်လွဲမှား နေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများအထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။