စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန် ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ ရှောင်တခင်စစ်ဆေးစဉ် ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့အမှန်ရောက်ရှိခြင်းရှိ/မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်း များအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ရောင်းချခြင်းရှိ/မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက် ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့ပြီး အလားတူ ရှောင်တခင်စစ်ဆေးမှုများအား မကြာခဏဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။