နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်း ကို အစိုးရပိုင်ပုံနှိပ်စက်များတွင် စနစ်တကျအပ်နှံလုပ်ဆောင်ရေးအတွက် အစိုးရ ဆိုင်ရာ ပုံနှိပ်လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး၊ အစိုးရ ဆိုင်ရာ ပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယခင်အစဉ်အဆက်မှစတင်၍ စာအုပ်စာစောင်များကို ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ယခု အချိန်တွင် အစိုးရဌာနများမှ ရိုက်နှိပ်ရမည့် စာအုပ်စာစောင်များကို ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတို့က ပုံနှိပ်ရန် နိုင်ငံတော်စီမံ အုပ်ချုုပ်ရေးကောင်စီက ညွှန်ကြားထားပါ ကြောင်း။
ညွှန်ကြားချက်များအပေါ်မူတည်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြခဲ့ပြီး ခွင့်ပြုသည့်အတွက် အစိုးရ ဆိုင်ရာပုံနှိပ်လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အပ်နှံသည့် လုပ်ငန်းများ အဆင်ပြေစေရန် မိမိတို့၏ လုပ်နိုင်စွမ်းအားနှင့် Demand လိုအပ်ချက်ကို အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ဝန်ကြီးဌာနများအနေဖြင့် နား လည်မှုနှင့် ညီညီညွတ်ညွတ် ပေါင်းစည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးက လက်ရှိအခြေအနေတွင် အစိုးရဌာနဆိုင်ရာများက ပုံနှိပ်လုပ်ငန်း အပ်နှံနေပြီး ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ မူဝါဒအရ ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနများအနေဖြင့် အပ်နှံရန်လျာထားမှု လုပ်ငန်းပမာဏ၊ ရိုက်နှိပ်နိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်က ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ဆွေးနွေးတင်ပြ သည်။
ဆက်လက်၍ တက်ရောက်လာသည့် အစိုးရဆိုင်ရာပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေး မှူး ရုံး လက်အောက်ရှိ ပုံနှိပ်လုပ်ငန်းဆောင်ရွက်နေမှု၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပုံနှိပ် ဆောင်ရွက်မှု၊ ပုံနှိပ်စက်များ၏ အခြေအနေ၊ ဆောင်ရွက်နိုင်မှုလုပ်ငန်းပမာဏ၊ ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပုံနှိပ်စက်များ တပ်ဆင်ထားရှိမှု၊ ပုံနှိပ်ဆောင်ရွက်သည့်စနစ်၊ ပုံနှိပ်စက်များ၏ စွမ်းအားနှင့် လုပ်ငန်း ဆောင်ရွက်နိုင်မှုပမာဏ၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းရှိ ပုံနှိပ်စက် များ ၏ အခြေအနေ၊ ပုံနှိပ်လုပ်ငန်းဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် အစိုးရဆိုင်ရာ ပုံနှိပ်လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး အမြဲတမ်း အတွင်းဝန် က အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။