လူရည်ချွန်စခန်းအသီးသီးမှ လူရည်ချွန်ကျောင်းသားကျောင်းသူများ သက်ဆိုင်ရာ ယွန်းပညာကောလိပ် (ပုဂံ)၊ ရွှေသောင်ယံမြို့ Sea&Lake အပန်းဖြေစခန်းများနှင့် အင်းလေးကန်အတွင်းရှိ တန်ခိုးကြီးဘုရားများသို့ အသီးသီးသွားရောက်လေ့လာ   ဧပြီ  ၃၀

Tuesday, April 30, 2024 - 16:30

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ  ယွန်းပညာကောလိပ်(ပုဂံ)၊ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ သီရိဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီး၊အနော်ရထာမင်းကြီးနှင့်ကျန်စစ်သားမင်းကြီးတို့ထီးနန်းစိုးစံခဲ့သည့် ပုဂံနန်းတော်ရာနှင့်ဦးဘငြိမ်းယွန်းထည်လုပ်ငန်းတို့ကိုသွားရောက်လေ့လာခဲ့ကြောင်းသိရ သည်။

ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ယွန်းပညာကောလိပ်(ပုဂံ)ရှိ ယွန်းနှီးစဉ်ယွန်းလုပ်ငန်း လက်တွေ့ခန်းမ၌ မြန်မာ့လက်မှုယွန်းလုပ်ငန်းအဆင့်ဆင့်ပြုလုပ်နေပုံ တို့ကိုလေ့လာ ကြပြီး တာတန်ရှိသူတစ်ဦးက ရှင်းပြရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များမေး မြန်းကြသည်။လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ယွန်း ကောလိပ်ကျောင်းဝင်း အတွင်းရှိ ယွန်းခန်းမအတွင်းပြသထားသည့် ခေတ် အဆက်ဆက်ယွန်းပစ္စည်းများ၊ ယွန်း ပစ္စည်းအရောင်းပြခန်းတို့အား လေ့လာကြသည်။ ဆက်လက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ သွားရောက်၍ ပြတိုက်ကြီး အတွင်းပြသထားသည့် ပြခန်းများကိုလေ့လာကြရာ တာဝန်ကျဝန်းထမ်းများမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည်များကိုရှင်းပြကြသည်။

ဆက်လက်၍ သီရိဇေယျဘူမိပုဂံရွှေနန်းတော်နှင့်အနော်ရထာမင်းကြီးနှင့်ကျန်စစ် သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် နန်းတော်ရာတူးဖော်ထားသည့် Open Museum အား လူရည်ချွန်ကျောင်းသားကျောင်းသူများလေ့ လာကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူ များကရှင်းပြကြသည်။ ဆက်လက်၍ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း မြန်မာ့လက်မှု ယွန်းထည်လုပ်ငန်းနှင့်အရောင်းပြခန်းသို့လေ့လာကြသည်။ 

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ Sea&Lakeအပန်းဖြေစခန်းသို့ယနေ့နံနက်(၇)နာရီအချိန်ကဒွါဒသမတန်း လူရည်ချွန်စခန်း(ချောင်းသာ)မှ လူရည်ချွန်မောင်မယ်များ လာရောက်လေ့လာ လည်ပတ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဒွါဒသမတန်းလူရည်ချွန်မောင်မယ်များ ရွှေသောင်ယံ Sea&Lake စခန်းသို့ လာရောက်လည်ပတ်ကြရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး ဝန်ကြီးနှင့်အတူ ကြီးကြပ်ဆရာ၊ဆရာမများလိုက်ပါကြပြီး ဒွါဒသမတန်းလူရည်ချွန် မောင်မယ်များ(၁၃၂)ဦးမှ အပန်းဖြေစခန်းအတွင်းရှိ ဒီရေတော၊ကျောက်စိမ်း ပြတိုက်၊ပန်းပုရုပ်ထုပြတိုက်၊ အသဲတစ်ရာ၊Ziplineစသည်နေရာများ သို့သွားရောက် ကာ လေ့လာလည်ပတ်လေ့လာခဲ့ကြကြောင်းသိရသည်။

ထိုသို့လူရည်ချွန်မောင်မယ်များ လာရောက်လည်ပတ်ကြရာ သို့ရွှေသောင်ယံ မြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူဌာနဆိုင်ရာများ၊ Sea&Lakeအပန်းဖြေစခန်းမှ တာဝန်ရှိသူများမှ ကြိုဆိုပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

          အလားတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ဖွင့်လှစ်ထားသည့် တောင်ကြီး လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်လေးများနှင့် ကြီးကြပ်အုပ်ချုပ်သူဆရာ၊ ဆရာမများသည် ယနေ့နံနက်ပိုင်းတွင် စုရပ်စခန်းမှထွက်ခွာရာ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဟိုတယ်ဇုန်စက်လှေဆိပ်သို့ ရောက်ရှိကြရာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူလေးများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပန်းကုံးများစွပ်၍ လည်းကောင်း၊ အိုးစည်ဗုံမောင်းများတီးခတ်ပြီး ကိန္နရီကိန္နရာ၊ တိုးနယားအက များဖြင့်လည်းကောင်း၊ အလံငယ်များဝေ့ယမ်း၍လည်းကောင်း ကြိုဆိုခဲ့ကြသည်။

ရှေးဦးစွာ လူရည်ချွန်မောင်မယ်လေးများသည် ဟဲယာရွာမကျေးရွာရှိ စိန်သမာဓိ ငွေပန်းထိမ်လုပ်ငန်းအား လေ့လာကြသည်။

၎င်းနောက် လူရည်ချွန်မောင်မယ်လေးများသည် ခင်းကျင်းပြသထားသည့် ငွေထည်ပစ္စည်းများ၊ ရိုးရာအဝတ်အထည်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက်လူရည်ချွန် မောင်မယ်များသည် အထက သာလေးတွင်း နေ့လည်စာသုံးဆောင်ကြပြီး အင်းလေးဖောင်တော်ဦးကျောင်တော်သို့ သွားရောက်ဖူးမျှော် ကြကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းနှင့် အလှူငွေများ ထည့်ဝင် လှူဒါန်းကြသည်။

ထို့နောက်လူရည်ချွန်မောင်မယ်လေးများသည် နန်းပန်ကျေးရွာရှိ အလိုတော်ပေါက် ဘုးရားသို့ သွားရောက် ဖူးမျှော်ကြည်ညိုကြ၍ ပန်း၊ ရေချမ်းနှင့် အလှူငွေများ လှူဒါန်းပူဇော် ခဲ့ကြပြီး ဘုရားကုန်းတော်တစ်ပတ် လေ့လာလည်ပတ်ကြကာ အမှတ်တရ လက်ဆောင် ပစ္စည်းများဝယ်ယူခဲ့ကြသည်။

မွန်းလွှဲပိုင်းတွင် အလိုတော်ပေါက်ဘုရားမှ စက်လှေများဖြင့် ပြန်လည် ထွက်ခွာကြရာ ညောင်ရွှေမြို့သို့ရောက်ရှိပြီး ညောင်ရွှေမြို့မှတစ်ဆင့် တောင်ကြီး လူရည်ချွန်စခန်းသို့ ဆက်လက်ထွက်ခွာခဲ့ကြကြောင်း သိရှိရသည်။