ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကျင်းပပြီး လူရည်ချွန်ကျောင်းသားကျောင်းသူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများဖူးမြော်လေ့လာ ညောင်ဦး ဧပြီ ၂၈

Sunday, April 28, 2024 - 18:00

ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောင်မြေသာရပ်ရှိ  ပုဂံလူရည်ချွန်စခန်း မုခ်ဦးရှေ့၌ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊  တိုင်းဒေသကြီးပညာရေးမှူးရုံး မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များ၊ လူရည်ချွန်ကြီးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် လူရည်ချွန်ကျောင်း သားကျောင်းသူများ၊ ကြီးကြပ် ဆရာဆရာမများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပုဂံလူရည်ချွန်စခန်းအား လူရည်ချွန်ကျောင်းသားကျောင်းသူတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ထို့နောက် အခမ်းအနား ကို Heritage Hotel ၌ ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ၊နဝမတန်း လူရည်ချွန်ကျောင်းသားကျောင်းသူများကိုယ်စား လူရည်ချွန်ကျောင်းသားတစ်ဦးမ ှကျေးဇူးတင်စကားပြောကြားကာ လူရည်ချွန် ကျောင်းသားကျောင်းသူများအတွက် လူရည်ချွန်တံဆိပ်များကို ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တစ်ဦးစီထံပေးအပ်ပြီး လူရည်ချွန် ကျောင်းသား (၁)ဦးက  ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

          ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန် ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများက  လူရည်ချွန်ကျောင်းသား ကျောင်းသူများကို  ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကာရင်းနှီးနွေးထွေးစွာနှုတ်ဆက်ကြပြီး  လူရည်ချွန်ကျောင်းသားကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ လူရည်ချွန်ကျောင်းသားကျောင်းသူ များက အမှတ်တရသစ်ပင်စိုက်ပျိုးကြသည်။

ဆက်လက်၍ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် မနုဟာဘုရား၊ မြစေတီဘုရား၊ ဗူးဘုရား၊သဗ္ဗညုဘုရား၊ထီးလိုမင်းလိုဘုရားနှင့်ရွှေစည်းခုံဘုရားတို့အား ဖူးမြှော်ကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန် ရှိသူများက ဘုရားသမိုင်းကြောင်းနှင့်နံရံဆေးရေးပန်းချီများ၊ဗိသုကာလက်ရာများကိုရှင်း လင်းပြောကြားပေးရာ လူရည်ချွန်ကျောင်းသား ကျောင်းသူများမှသိရှိလိုသည်များမေး မြန်းကြပြီး တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။