မွန်ပြည်နယ်၊ ဓမ္မသတ်ကျေးရွာ၊ ကရင်ပြည်နယ်၊ ကော့ဘိန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများ ၎င်းတို့၏ နေရပ် အသီးသီးသို့ ပြန်လည်ဝင်ရောက်၊ လိုအပ်သည့်ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး နေပြည်တော်၊ ဧပြီ - ၂၈

Sunday, April 28, 2024 - 18:00

            မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ဓမ္မသတ်ကျေးရွာ၊ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် ကော့ဘိန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ဝင်ရောက်နေထိုင်ပြီး အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေသည့်  အကြမ်းဖက်သောင်းကျန်း သူများကို တပ်မတော်စစ်ကြောင်းများက          အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter –  Terrorism Operation)ဖြင့် စနစ်တကျဆောင်ရွက်ပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ  အဆိုပါ ဒေသ များအားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်း လင်းရေး လုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိသည့်  သတင်းအား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ယခုအခါ ၎င်းဒေသများသည် ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ် သည့်အတွက် ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများကို ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ရေးစည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီ ၂၇ ရက် နေ့အထိ မွန်ပြည်နယ် ဓမ္မသတ် ကျေးရွာ၊ တရနာကျေးရွာနှင့် ကော့သတ် ကျေးရွာများသို့ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၂၄ ဦး၊ စုစုပေါင်း ၂၂၀ ဦးနှင့် ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာသို့ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၃၂၄ ဦး၊ စုစုပေါင်း ၄၈၅ ဦးတို့ ပြန်လည်ဝင်ရောက် နေထိုင်လာကြောင်း သိရှိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ည မပျက် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး လိုအပ်သည့်ကူညီ စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ဝင်ရောက်လာသည့် ဒေသခံ ပြည်သူများအား သွားရောက် တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယာယီ နေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများသည် ၎င်းတို့၏ နေရပ်အသီးသီးသို့ ဆက်လက် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။