၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တပ်မတော်စစ်သမိုင်းပြတိုက် နှင့်အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာ နေပြည်တော် ဧပြီ ၂၅

Thursday, April 25, 2024 - 16:30

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်ရွေးချယ်ခံရသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက် လေ့လာကြသည်။

ရှေးဉီးစွာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော်စစ်သမိုင်း ပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ရှိသူကပြတိုက်သမိုင်း၊ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံးပြခန်း၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးပြခန်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးပြခန်း၊ လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်းနှင့်တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြင်ပပြကွက်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို  ပြခန်းတာဝန်ရှိသူများထံ မေးမြန်းကြ သည်။

ယင်းနောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် အမျိုးသားပြတိုက်သို့ ရောက်ရှိ ကြပြီး သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဉီးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ အာဆီယံပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ ကလေးသူငယ် ပညာပေး ပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊  နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်းနှင့်  ပြည်ထောင်စုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းတို့ကို လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။