စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ပြုလုပ်ထားရှိသည့် လက်နက်၊ ပစ္စည်းများနှင့်အတူ အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီး

Friday, May 21, 2021 - 13:15

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ပြုလုပ်ထားရှိသည့် လက်နက်၊ ပစ္စည်းများနှင့်အတူ အမျိုးသား ဦးအား ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၂၁

            စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ပြုလုပ်ထားရှိသည့် လက်နက်၊ ပစ္စည်းများနှင့်အတူ အမျိုးသား ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

            ထိုသို့ဖော်ထုတ်ဖမ်းဆီးရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် မြောင်မြို့နယ်၊ ချောင်းဇင်းကျေးရွာ၏ အနောက်ဘက် မိုင်ခန့်အကွာရှိ ဖုန်းဆိုးကွင်းပြင်၌ အကြမ်းဖက်သူများက နိုင်ငံတော်ဆန့်ကျင်ရေး အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ယာယီတဲများထိုးကာ လူငယ်လူရွယ်များအား စည်းရုံး၍ တဲများအတွင်း၌ တူမီးသေနတ်များ၊ လက်လုပ်မိုင်းများ ပြုလုပ်ခြင်း၊ ဖောက်ခွဲဖျက်ဆီးရေးနည်းများ သင်ကြားပေးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

            ထို့သို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကွင်းပြင်၌ ယာယီတဲ လုံးအား တွေ့ရှိရပြီး ဝင်ရောက်စစ်ဆေးခဲ့ရာ တဲများအတွင်းမှ အကြမ်းဖက်သူများအား မတွေ့ရှိရဘဲ တူမီးသေနတ်မျိုးစုံ ၁၁ လက်၊ တူမီးသေနတ် ပြုလုပ်ရန် ပြုလုပ်ထားသည့် ပြောင်းအရှည် ၁၀၆ ခု၊ ပြောင်းအတို ၅၃ ခု၊ တူမီးသေနတ် သစ်သားဒင် ၉၃ ခု၊ လက်လုပ်မိုင်း ၁၁ လုံး၊ မိုင်းပြုလုပ်ရန် ပိုင်းဖြတ်ထားသည့် အရှည် ပေခန့်ရှိ သံပိုက် ၃၀ ချောင်း၊ သတ္ထုကွင်း ၄၅ ခု၊ ယမ်းထောင်းသတ္ထုဆုံ လုံး၊ ကားမိုင်းပြုလုပ်မည့် သံကွင်းအကြီး ခု၊ ကန့် ကီလိုခန့်ပါ သံပုံး ပုံး၊ ယမ်းမဲ ကီလိုခန့်ပါ သံပုံး ပုံး၊ ခဲဝရိန်ဆော်စက် လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနှင့် အဆိုပါလက်နက်၊ ပစ္စည်းများအား ပြုလုပ် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ထို့အတူ နံနက် နာရီအချိန်တွင် တန့်ဆည်မြို့နယ်၊ ထန်းတောကျေးရွာနေ သန်းစိုး (၃၅)နှစ် () ဦးညွှန့်ဝေ၏ နေအိမ်၌ လက်နက်များ သိုဝှက်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ အဆိုပါ ကျေးရွာနေ ကျော်မိုးအောင် (၃၂)နှစ် () ဦးကြည်လင်းနှင့် တင်မျိုး (၄၀)နှစ် () ဦးညိမ်းတို့ ဦးအား တူမီးသေနတ် လက်၊ ယမ်းထောင်းတံ ချောင်း၊ ခဲသီး ၁၈၇ လုံး၊ ယမ်းလိပ် ၂၃ လိပ်၊ ယမ်းမှုန့် ဘူး၊ အုတ်ဆံခွံ အိတ်၊ မီးကူးယမ်းမှုန့်များထည့်ထားသောပင်နီစလင်ပုလင်း လုံး၊ ဂက်စ်သေနတ်အပိုင်းအစ ခု၊ သံဘောစေ့ ၁၀၀ လုံး၊ ဝါးရိုးတံလှံ ချောင်း၊ ဓားရှည် ချောင်း၊ ဓားမြှောင် ၁၁ ချောင်း၊ နှစ်ခွဆူးချွန် ချောင်း၊ စတီးပိုက် ချောင်း၊ သံပိုက် ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီး ရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။