မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့ရှိအဆိုပါမဏ္ဍပ်၌ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာ ရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်များမှ သင်္ကြန်ယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာ ရှင်များနှင့် တေးသံရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်္ကြန်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများတက်ရောက်ကြသည်။
ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းက ၁၃၈၅ ခုနှစ် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်ပွဲတော် နှစ်သစ်မင်္ဂလာပိုဒ်စုံရတုကို ဖတ်ကြားပြီး နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးကနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးတို့က နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် စုပေါင်းသီဆို ကပြဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး နှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည် ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်မြို့တော်ဝန်နှင့်ဇနီးနှင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများက သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များကို သပြေခက်ဖြင့် အတာသင်္ကြန် ရေပက်ဖျန်းပေးကြသည်။
ဆက်လက်၍ အနုပညာရှင်များ၊တေးသံရှင်များနှင့် သင်္ကြန်ယိမ်းအဖွဲ့များက တူးပို့ တူးပို့၊ ရွှေမန်းမာလာ၊ ရွှင်လန်းချမ်းမြေ့ပါစေ သီချင်းတို့ဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက် ကြသည်။
ထို့နောက် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအပြီးတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ပျဉ်းမနား-တောင်ညို လမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာ အထိရှိ လမ်းလျှောက်သင်္ကြန် သင်္ကြန်မုခ်ဦးရှေ့၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Mr. Artemi Alimov Representative oF Fund RC- Investments in Myanmar ၊ မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အလုပ်အမှုဆောင် များဖြစ်ကြသည့် ဦးတင့်နိုင့်နှင့် ဦးအောင်မြင့်၊ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင် ဘတ်အွန်းဟီး တို့ကအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအလှသမီးပျိုများက သင်္ကြန်မိုးတေးသီ ချင်းဖြင့်သံပြိုင်ညီညာကပြသီဆိုဖျော်ဖြေကြသည်။ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေ ကစားမဏ္ဍပ်၊ ကာကွယ်ရေးဝန်ကြီး ရေကစားမဏ္ဍပ်၊ ရုရှား - မြန်မာချစ်ကြည်ရေးအသင်းရေ ကစားမဏ္ဍပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနရေကစားမဏ္ဍပ်၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရေကစားစားမဏ္ဍပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ စက်မှုဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဉာဏသိဒ္ဓိမိသားစု မဟာ သင်္ကြန်ရေကစားမဏ္ဍပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရေကစားမဏ္ဍပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ မြန်မာ - အိန္ဒိယ -တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအသင်း ရေကစားမဏ္ဍပ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန ရေကစား မဏ္ဍပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ရေကစားမဏ္ဍပ်၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ အလုပ်သမားဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ စွမ်းအင်ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တို့၌ ဝန်ကြီးဌာနယိမ်းအဖွဲ့များ၊ နိုင်ငံကျော် အနုပညာရှင်များနှင့် ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆို တော်များက တေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေနေမှု၊ ဝန်ထမ်းများ၊ ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေပက်ကစားနေမှု၊ မဏ္ဍပ်များ အလိုက် စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြပြီးဝန်ထမ်းများ၊ဝန်ထမ်းမိသားစုများ၊ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲကြ သည်။
နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် မြန်မာအသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၊ ဝန်ကြီး ဌာနများ၊ ခရိုင်/ မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်တင်ဆက်သွားကြမည်ဖြစ်ကြောင်းသိရသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလအတွင်း နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာဆင်နွှဲနိုင်စေရန်၊ ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ ပြည်သူနှင့် အစိုးရ၏ ပေါင်းစည်းမှု နှင့် တစ်သားတည်းဖြစ်မှုတို့ကို ဖော်ဆောင်သည့် ပွဲတော်တစ်ခု အဖြစ် ပြသရန်ရည်ရွယ်၍ ပျဉ်းမနား-တောင်ညို လမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ် အနီး မှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအထိ သင်္ကြန်အကြိုနေ့ (ယနေ့) မှ ဧပြီ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကျင်းပ တက်ရောက်လာကြသော ပြည်သူများအတာရေသဘင် ပွဲပျော်ရွှင်စွာပါဝင်ဆင်နွှဲ နေပြည်တော် ဧပြီ ၁၃
Saturday, April 13, 2024 - 16:45