ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးအခမ်းအနား တက်ရောက်ဟောပြော နေပြည်တော် ဧပြီ ၉

Tuesday, April 9, 2024 - 18:30

          ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်း ဝန်ထမ်းများ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ကင်းလွတ်ခွင့်ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားများ၊ စစ်မှုထမ်းကာလ၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်တို့ကို ဝန်ထမ်း များသိရှိရန် ရှင်းလင်းချပြသွားမည် ဖြစ်ပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများနှင့် အဖျက်အမှောင့် မီဒီယာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ရေးသားဖော်ပြနေသည့်အတွက် ဝန်ထမ်းများအနေဖြင့် အယုံမလွယ်စေရေး ဥပဒေပါအချက်အလက် များ၊ ပြဌာန်းချက်များကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ သိရှိရန်လိုအပ်ပါ ကြောင်း၊

          ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အခြေအနေကို နည်း အမျိုးမျိုးဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေပြီး နှောင့်ယှက်ဆောင် ရွက်ခြင်းများ ရှိသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနိုင်ပါကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်များ၊ ပြဌာန်းချက်များကို လက်ဆင့်ကမ်းမျှဝေပေးခြင်းဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူ့ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်ကြရန်ဖြင့် တိုက်တွန်းပြောကြားသည်။  

ဆက်လက်ပြီး တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေး ရှင်းလင်း ဆွေးနွေးပြီး ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။

          ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ၏ လိုအပ် ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။