မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုစာရင်းပေးသွင်းလာကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ် နေပြည်တော်၊ အေပြီ - ၈

Tuesday, April 9, 2024 - 09:30

                ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ မတ် ၉ ရက်မှစ၍  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန်အတွက်ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်များအနေဖြင့် မိမိသဘောဆန္ဒအလျောက်စာရင်းပေးသွင်းလာခဲ့ကြသည်။   

              ထိုကဲ့သို့ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန် အတွက် မိမိသဘောဆန္ဒအလျောက်စာရင်း ပေးသွင်းလာကြသူများအနက် သင်တန်း တက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအားစုဖွဲ့၍ ယနေ့နံနက်ပိုင်းတွင် သက် ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် သင်တန်းဖွင့်ပွဲများပြုလုပ်ကြသည်။

                အဆိုပါ သင်တန်းဖွင့်ပွဲများတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်ကြကာ သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ် ဆက်ကြသည်။

                သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းသားများ အတွက် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ် စဉ်(၁)တွင် တက်ရောက်ကြမည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြ သည်။

          နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်း ဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှု ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ရခြင်းဖြစ်သည်။ ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများ အနေဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြသူများဖြစ်ကြပြီး နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံ့ တာဝန်များကို လေးစားဂုဏ်ယူစွာဖြင့် ထမ်းဆောင်ကြတော့မည်ဖြစ်ကာ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများနှင့်တာဝန်ရှိသူများ၏ စကားသံ များကိုလည်း ယခုလိုပဲ ကြားသိရပါတယ်................

ကျွန်တော်တို့ ဒီပြည်သူ့စစ်မှုထမ်းမွမ်းမံသင်တန်းစတင်ဖွင့်လှစ်မယ်ဆိုတဲ့ အခါမှာ ကျွန်တော်တို့ နည်းပြတွေစပြီးတော့ စုဖွဲ့ရပါတယ်။ စုဖွဲ့ပြီးတဲ့အခါမှာ နည်းပြတွေ စနစ်တကျသင်ကြားပေးနိုင်ဖို့အတွက် မွမ်းမံသင်တန်းတွေ ဖွင့်လှစ် တယ်။ ဖွင့်လှစ်ပြီးတော့မှ သင်တန်းသားတွေနဲ့ အခုသင်ကြားပေးရမယ့် အခြေခံစစ်ရေးပြ ၊ လက်နက်ငယ်ပြီးရင် ပြည်သူ့စစ်သင်တန်းမှာ သင်ကြားပေးရမယ့် ဘာသာရပ်အလိုက် နည်းပြတွေစုဖွဲ့ပြီးတော့မှ စနစ်တကျနဲ့ သင်ကြားပေးနိုင်ဖို့အတွက် အားလုံးဆောင်ရွက်ထားပါတယ်။ အရပ်သားတွေ ဖြစ်တဲ့အတွက် သူတို့တွေစစ်ပုံကျနမှုရှိစေရေးအတွက် ပထမဦးဆုံး သူတို့ရောက်လာပြီ ဆိုတာနဲ့ ယူနီဖောင်စတင်ဝတ်ဆင်မယ်ဆိုရင် ဖိနပ်မှအစ ဦးထုပ်အဆုံးပေါ့ ယူနီဖောင်း တွေစနစ်တကျဝတ်ဆင်ရေး၊ ဖိနပ်တွေ စနစ်တကျစီးတက်စေရေး၊ ပြီးရင် ချပ်ဝတ် တန်ဆာပလာတွေကို စနစ်တကျနဲ့ ဝတ်ဆင်တက်စေဖို့အတွက် နည်းပြ အရာရှိ ၊ နည်းပြ ဆရာကြီးတွေ ကြီးကြပ်ပြီးတော့မှ သူတို့ကို အသေးစိပ်သင် ကြားပြသလေ့ကျင့်ပေးခဲ့ပါတယ် ခင်ဗျာ။ သူတို့အတွက် ဒီသင်တန်းကနေပြီး တော့မှ အတွေ့အကြုံတွေအများကြီး ရရှိမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဘာတွေရရှိမယ်ဆိုလို့ရှိရင် အရပ်သားဘာဝကနေ စစ်မှုထမ်း ဘဝကို ကူးပြောင်းလာတာဖြစ်တဲ့အတွက် နံပတ်တစ်သူတို့ရဲ့ ခန္ဓာကိုယ် ပိုင်းဆိုင်ရာတွေ ကြုံခိုင်လာမယ်။ အဲ့တာပြီးရင် သူတို့တွေ အသင်းအဖွဲ့နဲ့ လုပ်ဆောင် တက်လာမယ်။ ဒါ့အပြင် အချိန်ကိုက် စစ်သင်တန်းဖြစ်တဲ့အတွက် သူ့ရဲ့သက်မှတ်ချိန်အတိုင်း ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် သူတို့တွေသည် အချိန်ကိုက်လုပ်ဆောင်တက်လာမယ်။ အဲ့တာအပြင် မိမိတို့ဒီမှာရှိတဲ့ တစ်နေရာစီကနေလာရောက်ကြတာ လာရောက်ပြီးတော့ ဒီမှာစုစည်း ပြီးတော့ နေရတာဖြစ်တဲ့အတွက် သူတို့ရဲ့ညီရင်း အကိုပမာသူတို့တွေတစ်ယောက်နဲ့ တစ်ယောက်ချစ်ချစ်ခင်ခင်နေတက်လာမယ်။ ပြီးတော့မှ ဒီကနေပြီးတော့ သူတို့တွေ စိတ်ဓါတ်နဲ့ ခံယူချက်တွေမြင့်မားလာဖို့ ကျွန်တော်တို့သင်ကြားပို့ချပေးလိုက်တဲ့အခါမှာ သူတို့တွေသည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတက်လာမယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တက် လာမယ်။ အဲ့ဒီကစပြီး တော့မှ မိမိကိုယ်ကနေမှစ မိမိရဲ့ မိသားစု ၊ မိမိရဲ့မြို့ရွာ ၊ မိမိရဲ့နိုင်ငံထိ ကျွန်တော်တို့ သူတို့တွေ တန်ဖိုးထားချစ်တက်လာမယ်လို့ ထင်မြင်မိပါတယ်။

          ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဒီစစ်သားလုပ်ရတာကို စိတ်ဝင် စားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ကျောင်းပြီးတဲ့အချိန်မှာ အဖေ၊ အမေက သဘော မတူလို့ ကျွန်တော်လျှောက်ခွင့်တောင်မရခဲ့ပါဘူး။ ခုတော့ ဘွဲ့ရပြီးတော့ ကျောင်းပြီးတဲ့ အချိန်မှာ ဒီစစ်မှုထမ်းဥပဒေလည်း ထွက်တဲ့အချိန်မှာ ကျွန်တော်အလွန်ဝမ်းသာစွာနဲ့ ကိုယ့်ဆန္ဒနဲ့ကျွန်တော်မြို့နယ်မှာ စာရင်းသွင်းပြီးတော့ဝင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ပညာ အရည်အချင်းကတော့(Bachelor)ဘွဲ့ကို အမေရိကကနေကျောင်းပြီးပါတယ်။ မဟာဘွဲ့ ကိုတော့ ဥရောပမှာရှိတဲ့ ဘယ်လ်ဂျီယမ်နိုင်ငံကနေပြီးတော့ ကျောင်းပြီးထားပါတယ်။ ကျွန်တော်ဒါပြီးရင် အခွင့်အရေးပေးရင်တော့ ဗိုလ်လောင်း သင်တန်းတက်ဖို့အစီအစဉ် ရှိပါတယ်။

          နိုင်ငံသားတိုင်းဒီတာဝန်ကို မလွဲမသွေထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အစောဆုံး အပတ်စဉ်တွေမှာ ကျွန်တော်တို့သာ တကယ်ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ဆိုရင် နောက်လူတွေကိုလည် နည်းပေးလမ်းပြစံပြဖြစ်အောင် နေလို့ရတယ်လို့ ကျွန်တော်တို့ ခံယူလို့ဒါ မိဘကိုလည်း ကိုယ်တိုင်ခွင့်ပန်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ထွေ/အုပ် တွေကနေတစ်ဆင့် ကျွန်တော်တို့အကုန်လုံးကို အစီအစဉ်တကျ စနစ်တကျအတိုင်း မိမိဆန္ဒအလျှောက် ဆန္ဒပြုပြီးလာခဲ့တာပါ။ ကျွန်တော်တို့မနက်စာဆိုရင် ဒီနေ့မနက်ဆိုရင် ထမင်းကြော်နဲ့ ကြက်ဥနဲ့ လက်ဖက်ရည်နဲ့ နေ့လည်ဆိုရင် ကျွန်တော်တို့ပုံမှန်စာနေကျဆိုရင် အသားဟင်း ရယ်၊ ပဲဟင်းရယ်၊ အစိမ်းကြော်လေးတစ်မျိုးမျိုးပေါ့ ။ ညနေဘက်ဆိုရင်လည်း ဒီလိုပဲ အသားဟင်းတစ်ခွက်ပါမယ်၊ အစိမ်းကြော်ပါမယ်၊ တစ်ခါတစ်လေ ငပိ ထောင်းပါတယ်၊ အချဉ်ဟင်းလေးဖြစ်ဖြစ်ပေါ့ အဲ့လိုမျိုး အဆင်ပြေပါတယ်။ နေရာမျိုးစုံကလာတယ်ဆိုပေမယ့် အကုန်လုံးက စနစ်တကျဖြစ်တဲ့အတွက် အကုန်လုံးသန့်သန့်ရှင်းရှင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ စနစ်တကျနေရတယ်၊ ရေ၊ မီး ဆိုလည်အကုန်လုံး လိုအပ်သမျှစီစဉ်ပေး ထားတယ်။ အကုန်လုံး ကျွန်တော်ကတော့ ကောင်းတယ်လို့ မြင်ပါတယ် ခင်ဗျာ။