ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဧပြီ ၄

Thursday, April 4, 2024 - 15:45

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဧပြီလ ၁ ရက်နေ့က လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ KIA နှင့်  PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီး သတ်ဖြတ်ခြင်းများကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ပစ်မှတ်ထားလုပ်ဆောင်လျက် ရှိရာ ယခုဖြစ်စဉ်မှာလည်း ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာများကို KIA နှင့်  PDF အမည်ခံအကြမ်းဖက်သမားများက ဧပြီလ ၁ ရက်နေ့မှစပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် မနော်သာကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း ဟုမ္မလင်းမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများသည် တပ်မတော်အပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မြေပြင်အခြေအနေ နှင့်လွဲမှားနေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများအထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။