လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ် နေပြည်တော်၊ ၂၀၂၄ မတ် - ၃၁

Sunday, March 31, 2024 - 16:45

                 အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ နှင့်စားသောက်ဖွယ်ရာများဂုဏ်ပြုပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပင်လုံရိပ်သာ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

                 ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြု ချီးမြှင့်သည့် ငွေကျပ် ၄၄၇ သိန်းနှင့် စားသောက်ဖွယ်ရာများကို အသီးသီးဂုဏ်ပြု ပေးအပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။