အိန္ဒိယနိုင်ငံ အိန္ဒိယလေတပ်ပညာရှင် Wg Cdr Savitesh Chandler Mishra  ဦးဆောင်သော အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို နေပြည်တော်၊ ၂၀၂၄ မတ် - ၃၀

Saturday, March 30, 2024 - 15:15

            အိန္ဒိယနိုင်ငံ အိန္ဒိယလေတပ်ပညာရှင် Wg Cdr Savitesh Chandler Mishra  ဦးဆောင်သော အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး အား ယနေ့ညနေပိုင်းတွင် လာရောက်ဖူးမြော် ကြည်ညိုကြသည်။

          ဦးစွာ အိန္ဒိယနိုင်ငံ အိန္ဒိယလေတပ်ပညာရှင် Wg Cdr Savitesh Chandler Mishra  ဦးဆောင်သောအဖွဲ့အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့ သည့် ဗီဒီယိုမှတ်တမ်းများကို ရှင်းလင်းပြသကြသည်။

ထို့နောက် ဘုရားဖူးအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ တော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။