မြန်မာ-ရုရှား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့်စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ် နေပြည

Thursday, March 28, 2024 - 15:45

          မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးပိုမိုအားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့် စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ် များ အပြန်အလှန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးကောင်စီ ဥက္ကဋ္ဌ Mr. Pavel GUSEV ၊ စစ်သံမှူး Colonel KURCHENKO Sergei Semyonovich နှင့် ရုရှား တပ်မတော်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။  

ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ က မတ် ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၊ အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၄ ဖြင့် ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှပုဂ္ဂိုလ်များအား စွမ်း ဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်သည့်အမိန့်ကို ဖတ်ကြားတင်ပြ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်ခံရသူများအနက် “သီရိသီဟကျော်တံဆိပ်” ရရှိသည့် Colonel KURCHENKO Sergei Semyonovich ၊ Captain 2nd rank YASHIN Dmitry Valerievich ၊ Captain 2nd rank SHILKOV Vitaly Vasilyevich နှင့် “သီရိသူရကျော် တံဆိပ်” ရရှိသည့်  Colonel(Rtd) SARATOV Sergei Nikolaevich တို့အား ဘွဲ့တံဆိပ် များနှင့် အဆောင်အယောင်များကို လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ Captain 2nd rank YASHIN Dmitry Valerievich က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ညာ စာအမှတ် ၇၇ ဖြင့် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်း စွမ်းတမံဆောင်ရွက်ခဲ့ကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော် မှ အဆင့်မြင့်အရာရှိကြီးများအား စွမ်းဆောင်ဆုတံဆိပ်များဖြစ်သည့် “နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ဆုတံဆိပ်”နှင့် “တိုက်ပွဲ ဝင်သွေးသောက်စိတ်မြှင့်တင်မှုဆုတံဆိပ်” တို့ကို ချီးမြှင့်အပ်နှင်းသည့်အမိန့်အား ဖတ် ကြားတင်ပြသည်။

          ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin က “နိုင်ငံတကာ စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ဆုတံဆိပ်” ချီးမြှင့်အပ်နှင်းခြင်းခံ ရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဆုတံဆိပ်ကို ဂါရဝပြုချီးမြှင့်အပ်နှင်းသည်။

          ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက “နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင် ဆုတံဆိပ်” ချီးမြှင့်အပ်နှင်းခြင်းခံရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများအား ဆုတံဆိပ်များတစ်ဦးချင်း ချီးမြှင့်အပ်နှင်းသည်။

          ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က“တိုက်ပွဲဝင်သွေးသောက်စိတ်မြှင့်တင်မှုဆုတံဆိပ်” ချီးမြှင့်ခြင်းခံရသည့် ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများအား ဆုတံဆိပ်များကို တစ်ဦး ချင်း ချီးမြှင့်အပ်နှင်းသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် တက်ရောက် လာကြ သူများသည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြ သည်။

          အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။