(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ခဲ့သည့်            စစ်ရေးပြ စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပ နေပြည်တော်၊ ၂၀၂၄ မတ် ၂၈

Thursday, March 28, 2024 - 15:45

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြ ကြခဲ့ကြသည့် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အနုပညာရှင်များ၊ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ က  ဇာတိမာန်နှင့်မျိုးချစ်စိတ်ကို တက်ကြွစေမည့် တေးသီချင်းများ၊ ငြိမ့်ညောင်းသာယာလှသည့် မြန်မာသံတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ အကအလှ များဖြင့်လည်းကောင်း၊ နိုင်ငံကျော် ဟာသပညာရှင်များက စိတ်ပျော်ရွှင်ချမ်းမြေ့ စေမည့် ဟာသပျက်လုံးများဖြင့် လည်းကောင်း ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ စစ်ရေးပြ စစ်ကြောင်းများမှအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စိတ်လက် ရွှင်လန်းပျော်ရွှင်စွာဖြင့် တစ်ခဲနက် ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဖျော် ဖြေကြသည့် အနုပညာရှင်များနှင့်အတူ တစ်ပျော်တစ်ပါး ပါဝင်သီဆိုဆင်နွှဲကြသည်။

ထိုသို့ သီဆိုကပြဖျော်ဖြေနေမှုများကို စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များက လည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း  သတင်းရရှိသည်။