ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ် များက Video Conferencing ဖြင့်တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာ စကားပြောကြားရာတွင် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)နှင့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) တို့ကို ယခင်အပတ်ကပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ သည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန်နှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ရန် လိုအပ်သည်များကို ဆွေးနွေးပြောကြားရန်ဖြစ်ကြောင်း။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ် ငန်းများ တိုးတက်စေရေးအတွက် မိမိအနေဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်အောင်ထုတ်လုပ်၍ ပြည်တွင်း လိုအပ်ချက်ကိုဖြည့်ဆည်းပြီး ပိုလျှံသည်များကို ပြည်ပပို့ကုန်များအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ပို့ဆောင်နိုင်ရေးနှင့် လိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းနိုင်ရေး နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်ဆောင် ရွက်ခဲ့ကြောင်း။
ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးကဏ္ဍ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် အဓိက အခန်းကဏ္ဍတွင်ပါဝင်ပြီး အဆိုပါလုပ်ငန်းများကိုအခြေခံ၍ စက်မှုကဏ္ဍနှင့် ဝန်ဆောင် မှုကဏ္ဍများ တိုးတက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များရှိမှသာ စက်ရုံ၊ အလုပ်ရုံများလည်ပတ်နိုင်ပြီး ဘဏ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများပါ လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ရေး တွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုစွမ်းအားများ မြင့်တက်လာမှသာ နိုင်ငံ၏ GDP လည်းတိုးတက်လာ မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စနစ်တကျစိုက်ပျိုး ပြီး အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ သီးထပ်စွမ်း အားများ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ပြီးခဲ့သည့်ကာလ အတွင်း ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးထုတ် လုပ်မှုများထိခိုက်ခဲ့ရပြီး ဒေသကုန်ထုတ်လုပ်မှုများကို ထိခိုက်စေခဲ့ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသအလိုက် ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍လည်းတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လျော့ နည်းကျဆင်းလာသည်ကိုတွေ့ရသဖြင့် ပြန်လည်တိုးတက်အောင်ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မှသာ စက်မှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို ဆောင်ရွက်ရာ တွင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများ သို့ပါ တင်ပို့နိုင်သည့် အရည်အသွေးပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့အားပေးအပ်ထားသည့် တာဝန်များ ကိုကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်၍ လာမည့် ဘဏ္ဍာနှစ် အတွင်း လုပ်ငန်းများပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။
ယခုအခါ ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပိုမိုပူပြင်းလာပြီး ရေအခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း၊ ရေရှားပါးသည့် ဒေသများတွင် ရေပြတ်လတ်မှုမရှိစေရေးနှင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိစေရေး ကြိုတင်တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း။
ဘဏ္ဍာငွေနှင့်ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း သတ်မှတ်ကာလပြည့်မည် ဖြစ်ပြီး ပိုလျှံရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် အသုံး ပြုနိုင်ရေးခွင့်ပြုပေးထားသဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲများ ပြီးမြောက်ပြီဖြစ်ပြီး ကျောင်းအားလပ်ရက်ကာလသို့ ရောက်ရှိပြီဖြစ် သဖြင့် လူငယ်၊ လူရွယ်များပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချနိုင်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရန်လို ကြောင်း၊ လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ အမျိုးသားရေးစရိုက်လက္ခဏာ ကိုတိုးမြင့်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေနိုင်မည့်သင်တန်းများ၊ လှုပ်ရှားမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့အတူ လာမည့်ကျောင်းဖွင့် ရာသီတွင် ကျောင်းများအားလုံးပညာသင်ကြားရန်အဆင်သင့်ဖြစ်စေရေး၊ ကျောင်းဥပဓိ ရုပ်များ ကောင်းမွန်စေရေးအတွက်လည်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားရှိရန်လိုကြောင်းနှင့် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေး မိမိတို့အနေ ဖြင့် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အထွေထွေဆွေးနွေးခြင်းအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က ဝါစေ့ဆီကြိတ်စက်နှင့် ဝါကြိတ်စက်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုနှင့် ဝါသီးနှံမှတဆင့် စားသုံးဆီနှင့် အရည်အသွေးမီချည်မျှင်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးဉီးလှမိုးက တပ်ကုန်းမြို့၊ ပျဉ်းမနားမြို့နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဝါစိုက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးရန်လိုအပ်မှု အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင်ကအထွက်ကောင်းဝါမျိုးကောင်း မျိုးသန့်များအား စနစ်တကျပြောင်းလဲစိုက်ပျိုးသွားမည့်အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်နောင်က ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ အနေဖြင့် နိုင်ငံတော်သို့ အခွန်ပေးသွင်းနေမှုနှင့် ၎င်းအေဂျင်စီများမှတဆင့် ပြည်ပသို့ အလုပ်သမားများစေလွှတ် ပေးနိုင်မှုအခြေအနေ နှင့် ပြည်ပရှိ မြန်မာလုပ်သားများထံမှ အခွန်ကောက်ခံရရှိမှုအခြေအနေ တို့ကိုလည်ကောင်း အသီးသီးဆွေးနွေးတင်ပြကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ပြောကြား ရာတွင် ဝါကို မိုးနည်းသည့်နေရာများတွင် အများဆုံးစိုက်ပျိုး ကြကြောင်း၊ ထို့ကြောင့် ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်သည့် စနစ်ကိုအသုံးပြု၍ ဝါသီးနှံကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ဝါစိုက်ပျိုးရာတွင် အရည်အသွေးမီဝါမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုအပ်ကြောင်း၊ ပြည်ပသို့ ဝါကုန် ကြမ်းအစား ဝါဂွမ်းပို့ဆောင်နိုင်ပါက စီးပွားရေးအရ တွက်ချေကိုက်ကြောင်း၊ ထို့ကြောင် ဝါဂွမ်းကိုတိုးတက်ထုတ်လုပ်ပြီး အဆင့်မီချည်ထည်များ ထုတ်လုပ်ပေးနိုင်ရန် လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မြန်မာစာရေးထုံးနှင့်ပတ်သက်၍ စနစ်ကျ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့စာပေအားထိန်းသိမ်းခြင်းကို စနစ်တကျဆောင်ရွက်နေရန်လိုကြောင်း၊ သတင်းလုံခြုံမှုအတွက် Cyber Security နှင့် ပတ်သက်ပြီး အမြဲသတိပြုရန်လိုကြောင်း၊ မကြာမီကာလအတွင်း မြန်မာ့ရိုးရာအတာ သင်္ကြန် ကာလသို့ရောက်ရှိလာတော့မည် ဖြစ်ကြောင်း၊ ရိုးရာအစဉ်အလာနှင့်အညီ သင်္ကြန်ပွဲတော်ကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။