တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့၌  နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/အဆင့်မြှင့်သင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် မြန်မာ့ သိုင်းအခြေခံသင်တန်းများ ဖွင့်လှစ် နေပြည်တော်၊ ၂၀၂၄ မတ် - ၁၈

Monday, March 18, 2024 - 15:00

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/အဆင့်မြှင့်သင်တန်း၊ ကွန်ပျူတာအခြေခံ သင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ သင်တန်း များကို တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများဖြင့် ဧပြီလ ၁၂ ရက်နေ့ထိ အသီးသီးဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ အဆိုပါနွေရာသီသင်တန်းများကို ပြည်တပ်နယ်ရှိ မြဧရာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။