တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၁၆

Saturday, March 16, 2024 - 16:00

တပ်မတော်က အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းတာကြောင့် တိုက်ပွဲအတွင်းသေဆုံးသွားသည့် အစ္စလာမ်ဘာသာ ဝင်များရှိနေသလို တပ်သားသစ် အဖြစ် အတင်းအကျပ်စုဆောင်းမှုတွေလည်း ဆက်လုပ်နေသည် ဟု ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလသတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေ လျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ တပ်မတော်အနေဖြင့် အစ္စလာမ်ဘာသာဝင်များကို အတင်းအကြပ်စစ်သားစုဆောင်းမှုများ ပြုလုပ် သည်ဆိုသည့်သတင်းမှာ ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများသည်  ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင် များနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လ ငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံကြောင်း ကောလာဟလ သတင်းမှားများကိုလည်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ Khit Thit မှ ရေးသားဖြန့်ဝေ လျက်ရှိသည်ကိုတွေ့ရှိရပြီး စစ်မှုထမ်းမည့်လူငယ်များအတွက် တစ်အိမ်ထောင်ငွေကျပ် ၅၀၀ဝိ/ နှုန်းကောက်ခံခြင်းလုံးဝမရှိဘဲ အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် ဝါဒဖြန့် နေသည့်သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် တိုင်းပြည်အေးချမ်းသာယာရေးကို မလိုလားသူများက အမျိုးမျိုးသော ကောလာဟလသတင်းအမှားများဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် အတွက် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။