ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦနှင့် တံတားများအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်

Wednesday, May 19, 2021 - 14:00

 

နေပြည်တော်၊ မေ ၁၉

          တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦနှင့် တံတားများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းကဲ့သို့သော လုပ်ရပ်များအား နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများ၏ သွေးထိုးမှုများအားယုံကြည်ကာ အမျှော်အမြင် အဆင်အခြင်မဲ့စွာဖြင့် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။

          ထိုသို့လုပ်ဆောင်ရာတွင် မေလ ၁၈ ရက်နေ့ နံနက် နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျောက်ဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း ရှိ အလျား ၃၀ ပေ၊ အနံ ၁၆ ပေ၊ အမြင့် ပေ ခန့်ရှိ ထရံကာ၊ သွပ်မိုးမြေစိုက် တစ်ထပ်ကျောင်းဆောင်အား မသမာသူအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ပြီး    မီးလောင်မှု ကြောင့် ကျောင်းဆောင်၏ အရှေ့ဘက်ခြမ်းတွင် ကာရံထားသော ထရံ ပေခန့်၊ x သစ်သားချောင်း ချောင်း၊ သစ်သားတိုင် လုံး တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

          အလားတူ နာရီခွဲအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၊ လေးလုမ်းရပ်ကွက်ရှိ မြို့ဝင်ထွက် စစ်ဆေးရေးဂိတ်ရှိ ယာယီရွက်ဖျင်တဲ လုံးအား လက်နက်ကိုင်အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးမှုကြောင့် ရွက်ဖျင်တဲ လုံးနှင့် သစ်သားကုတင် လုံးတို့မှာ မီးလောင်ကျွမ်းပျက်စီးခဲ့ သည်။

          အလားတူ ၁၂ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအတွင်းရှိ စာရွက်စာတမ်းများ၊ ပလပ်စတစ် ထိုင်ခုံများ၊ လျှပ်စစ်မီးကြိုးများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းအား စုံစမ်းခဲ့ရာ မသမာသူ လူတစ်စုမှ အဆိုပါရုံးရှေ့ရှိ ပြတင်း တံခါးမှန်အား ရိုက်ခွဲကာ ရုံးအတွင်းဝင်ရောက်၍ ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

          အလားတူ မေလ ၁၉ ရက်နေ့ နံနက် နာရီ ၂၀ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ တစ္ဆေချောင်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးသန့်ဇော်ဦး (၃၄)နှစ် () ဦးသန်းလှိုင်၏ နေအိမ်အား အကြမ်းဖက်သူ အမျိုးသား ဦးက မီးထုပ်ဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သည်။

          အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။