ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းဆောင် ရန် နာမည်နှင့်တကွ ဆင့်ခေါ်နေကြောင်းနှင့် တပ်မတော်က လာရောက်ခေါ်ဆောင် သွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေ လျက်ရှိ နေပြည်တော်၊ မတ် ၁၄

Thursday, March 14, 2024 - 14:45

          ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ ရပ်ကွက် တစ်ခုလျှင် လူငယ် ၄ ဦးမှ ၅၀ ဦးအထိ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေ နေကြောင်းနှင့် တစ်ချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး နောက် တွင် တပ်မတော်ကလာရောက်ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ ရန်ကုန်တိုင်း ဒေသကြီး၊ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ နာမည်နှင့်တကွ ဆင့်ခေါ်စာများ ဖြန့်ဝေနေခြင်းနှင့် တစ်ချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး  တပ်မတော်ကလာရောက်ခေါ်ဆောင်သွားသည့်ဆိုသည့်သတင်းများမှာ မှန်ကန်မှု မရှိကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည် ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ကောလာ ဟလ သတင်းအမှားများဖြင့် တည်ငြိမ်အေးချမ်းမှုမရှိစေရန်အတွက် ဝါဒဖြန့် လှုံဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။