တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ နယ်မြေအတွင်း၌ ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ပြီး ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်ခဲ့မှုအားဖော်ထုတ်ရရှိမှု

Wednesday, May 19, 2021 - 13:30

 

နေပြည်တော်၊ မေ- ၁၉

            အကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်သောလူငယ်များအနေဖြင့် အဖျက်အမှောင့် ဆောင်ရွက်လိုသော လူတစ်စု၏သွေးဆောင်စည်းရုံးမှု၊ ချိတ်ဆက်ပေးမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု နယ်မြေအတွင်း၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအားတက်ရောက်ပြီး ပြန်လည်ရောက်ရှိနေကြောင်း သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံရေးလုပ်ငန်းများအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၉ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုနယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့သည့် ဖြိုးကိုကို (ဘ)ဉီးချစ်ကို၊ စွမ်းရည် (ဘ)ဉီးကြည်ဉီး၊ အောင်ပြည့်ဖြိုးကျော် (ဘ)ဉီးကျော်သက်၊ သန်းထွဋ်ဇော် (ဘ)ဉီးကျော်ရှိန်၊ ထက်အောင် (ဘ)ဉီးသန်းထွန်းတို့ ၅ ဦးအား မရမ်းချောင် စစ်ဆေးရေးဂိတ်၌လည်းကောင်း၊ ဝိုင်းချစ်ထွေး (ဘ)ဉီးယဉ်ထွေး၊ မင်းခေတ်အောင် (ဘ)ဉီးအောင်ဝင်း၊ ထက်ဝေယံ (ဘ)ဉီးအေးသိန်း၊ ရွှေမဉ္ဇူဦး()ဒီးဒီး (ဘ)ဉီးစိုးလွင်တို့   ၄ ဦးအား ဘီးလင်းတာယာစက်ရုံအနီး စစ်ဆေးရေးဂိတ်၌ လည်းကောင်း၊ ၎င်းတို့အား လိုက်ပါပို့ဆောင်ပေးခဲ့သည့် ယာဉ်မောင်း ဦးသန့်ဇင် (ဘ)ဉီးစိုးချစ်၊ ဒေါ်ချိုချိုအောင် (ဘ)ဉီးဆန်းအောင်(ဦးသန့်ဇင်၏ဇနီး) ဘီးလင်းမြို့နယ် နေသူတို့ ၂ ဦးအား ကောင်းကောင်း စားသောက်ဆိုင်အနီး၌လည်းကောင်း၊ စုစုပေါင်း ၁၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

            ဖမ်းဆီးရမိတရားခံ ဝိုင်းချစ်ထွေး၏ ထွက်ဆိုချက်အရ မေလ ၂ ရက်တွင် ကွင်းဆက်တရားခံ မြတ်ကိုကို(ဘ)ဉီးမြင့်ရွှေ၊ သက်ပိုင်ထွေး()အေးချမ်းအောင်()ဘလပ်ခ် (ဘ)ဉီးယဉ်ထွေး၊ ဆုမြတ်မွန်(ဘ)ဦးလှဦး၊ နန်းချယ်ရီဆောင်း(ဘ)ဉီးသန့်ဇင်၊ ကျော်ကျော်ဦး (ဘ)ဉီးသန်းထွန်း၊ နေမျိုးထွန်း (ဘ)ဉီးကျော်ညွန့်၊ ဉာဏ်လင်းထက် (ဘ)ဉီးနေဝင်း၊ ခင်မီမီဝင်း(ဘ)ဉီးဆန်းဝင်း၊ ဇေယျာဖြိုး(ဘ)ဉီးသက်နိုင်နှင့် စည်သူအောင် (ဘ)ဉီးအေးမင်းလှိုင် တို့ ၁၀ ဦးတို့အား သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းမကြီး၊ ဇောတိကလမ်းသွယ်၊ (၅)ထပ်တိုက်၊ (၄)လွှာ၌ လက်ပစ်ဗုံးအကြီး လုံး(အမျိုးအစား စိစစ်ဆဲ)PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်ပစ်ဗုံး လုံးသံပိုက်ဖြင့်ပြုလုပ် ထားသော လက်ပစ်ဗုံး လုံးစတီးလက်ပစ်ဗုံး လုံးအချိုရည်ဗူးဖြင့် ပြုလုပ်ထား သောလက်ပစ်ဗုံး လုံး၊ စုစုပေါင်း ၁၆ လုံးတို့နှင့်အတူ ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

            ထို့အပြင် မေလ ၃ ရက်တွင် ဖမ်းဆီးရမိတရားခံ သက်ပိုင်ထွေး(ခ)အေးချမ်းအောင် (ခ)ဘလပ်ခ်၏ထွက်ဆိုချက်အရ ကျော်စိုးဟိန်း(ဘ)ဉီးမောင်မောင်ဉီးအား အင်းစိန်မြို့ နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၂)လမ်း၌ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

            အဆိုပါဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ရန်ကုန် မြို့တွင်းဆန္ဒပြပွဲများ၊ မီးပုလင်းပစ် မီးရှို့မှုများတွင် ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ထို့နောက် အဖျက်အမှောင့်ဆောင်ရွက်လိုသော လူတစ်စု၏ မက်လုံးပေးပြောဆိုစည်းရုံးမှုများမှ တစ်ဆင့် ချိတ်ဆက်ပေးမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ နယ်မြေ အတွင်းသို့ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ရန် သွားရောက်ခဲ့ကြောင်း သိရှိရ သည်။

            ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်၍ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်၍ စည်းရုံး ထောက်ပံ့ပေးသူများဖြစ်သည့် လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ဉီးအေး ၃ လမ်းနေ ထွန်းထွန်း၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ မာလာမြိုင် ၃ လမ်းနေ ဥက္ကာ(NLD ရပ်/ကျေးဥက္ကဋ္ဌ)၊ ကျောက်မြောင်းရပ်ကွက်၊ သီတာလမ်းနေ ရန်ကုန်(ခ)စောမိုက်ကယ်လင်း၊ ဗြိတိန်နိုင်ငံနေ တောသားကြီး၊ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ပြီး ထွက်ပြေး လွတ်မြောက်လျက်ရှိသည့် လှိုင်မြို့နယ်၊ ရပ်ကွက်(၃)နေ ရဲခန့်၊ သင်တန်းကျောင်းသို့ သွားရောက်ရန် ချိတ်ဆက်ဆောင်ရွက်ပေးသူ ဘီးလင်းမြို့၊ ဖိုးလှကြီးရပ်ကွက်၊ နွယ်နီ လမ်းနေ တင့်လွင်ဦး(ခ)ဖိုးနီနှင့် လိုက်ပါပို့ဆောင်ပေးသူ ဘီးလင်းမြို့နယ်နေ လင်းထိုက် တို့အား ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

            သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးအား ထိခိုက်ပျက်ပြားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက် ခဲ့သူများနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရန် ပါဝင်ပတ်သက်သူ ၂၂ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။