မင်းပြားတွင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေး အတွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူများ သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေ လျက်ရှိ နေပြည်တော်၊ မတ် ၁၃

Wednesday, March 13, 2024 - 17:00

          ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေးအတွင်းသို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂၁ ဦးသေဆုံးခဲ့ကြောင်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ တစ်ဖက်သတ်စွပ်စွဲရေးသား ထုတ်ပြန်ထား သည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံဝါဒ ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

          AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှု ယန္တရားများပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာများကို ထောက်ထားငဲ့ညာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်း သို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ်အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။