AA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ အခြေခံပညာ မူလတန်း (လွန်)ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်များပျက်စီး နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ် - ၁၃

Wednesday, March 13, 2024 - 17:00

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောရွာမအုပ်စု၊ ရွှေပြည်သာကျေးရွာ အတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ မှုကြောင့် ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းဝန်းအတွင်းမှ စာသင်ဆောင်အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့နံနက် ၉ နာရီ ခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာဘက်မှ လက်နက်ကြီး များဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်းရှိသော အခြေခံပညာမူလတန်း(လွန်)ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် အဆောက်အဦ များ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

AA သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲ များ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိပြီး ယခုတွင်လည်း အနာဂတ်ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားပို့ချပေးနေသည့် ပညာရေးအဆောက်အဦများကို ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာ မရှိသဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိ သည်။