နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်  မတ် ၁၁

Monday, March 11, 2024 - 15:30

           ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှအုပ်ချုပ်သူ/ နည်းပြများနှင့် အားက စားသမားများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ဝူရှူးပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်များအဖြစ် အမျိုးသားအသက်(၁၂)နှစ်အထက် ဝူရှူး (ထောက်လု) နန်းချွမ်ပြိုင်ပွဲ၊ အမျိုး သား/အမျိုးသမီး၊ အသက်(၂၅)နှစ်အောက် ဝူရှူး (ဆန်းဆို) ပြိုင်ပွဲနှင့်  အမျိုးသမီး အသက် (၁၂)အောက် ဝူရှူး(ထောက်လု) ကျန့်စုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ  ဒုတိယဝန်ကြီး ဦးရဲတင့် က အတွဲတိုက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိကြသူများကို လည်းကောင်း၊   ဒုတိယဝန်ကြီး ဦးထင်ကျော်သူ  က  အတွဲတိုက်အမျိုးသား ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က အမျိုးသား အသက်(၁၂)နှစ်အထက် ဝူရှုး(ထောက်လု) နန်းချွမ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊    ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က အမျိုးသမီး အသက် (၁၂) နှစ်အောက် ဝူရှုး(ထောက်လု) ကျန့်စုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အသက်(၂၅) နှစ်အောက် ဝူရှူး (ဆန်းဆို) အမျိုးသား ၇၀ ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊    ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က အသက်(၂၅)နှစ် အောက် ဝူရှူး (ဆန်းဆို) အမျိုးသား ၇၅ ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေ များ  ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် က အသက် (၂၅) နှစ်အောက် ဝူရှူး (ဆန်းဆို)   အမျိုးသား (၄၈) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်း က အသက်(၂၅)နှစ်အောက် ဝူရှူး (ဆန်းဆို) အမျိုးသမီး (၄၅) ကီလိုတန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ခွန်စံလွင် က အသက်(၂၅)နှစ်အောက် ဝူရှူး (ဆန်းဆို)  အမျိုးသား (၆၀) ကီလိုတန်း ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြ သူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြု ဆုငွေများ  ပေးအပ် ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ က  အမျိုးသား/ အမျိုးသမီး ဝူရှူး(ဆန်းဆို)  ပြိုင်ပွဲတွင်  အကောင်းဆုံးအားကစားသမားဆု ရရှိကြသူများကို လည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဒေါက်တာမှုထန် က အမျိုးသား/ အမျိုးသမီး ဝူရှူး(ထောက်လု)  ပြိုင်ပွဲတွင်  အကောင်းဆုံးအားကစားသမားဆု ရရှိ ကြသူများ ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   မန်းငြိမ်းမောင်  က ဝူရှူး (ဆန်းဆို) အမျိုးသမီး ပြိုင်ပွဲတွင် ရွှေ(၂) ခု၊ ကြေး (၂) ခု ဖြင့် တံခွန်စိုက်ဆုဖလား ရရှိသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့်  ဝူရှူး (ဆန်းဆို) အမျိုးသား ပြိုင်ပွဲတွင်  ရွှေ(၃) ခု၊ ကြေး (၁) ခုဖြင့် တံခွန်စိုက်ဆုဖလား ရရှိသည့်  ကရင်ပြည်နယ်အသင်းကို လည်းကောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပိုးရယ်အောင်သိန်း  က ဝူရှူး (ထောက်လု) အမျိုး သမီးပြိုင်ပွဲတွင်  ရွှေ(၉) ခု၊  ငွေ(၁) ခု ၊ ကြေး(၃) ခု ဖြင့် တံခွန်စိုက် ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ဝူရှူး (ထောက်လု) အမျိုးသားပြိုင်ပွဲတွင်  ရွှေ(၇) ခု၊ ငွေ (၆) ခု၊ ကြေး (၃) ခုဖြင့်  တံခွန်စိုက်ဆုဖလားရရှိသည့်  ရန်ကုန်တိုင်းဒေသကြီးအသင်း ကို လည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဒေါ်ဒွဲဘူ က  ရွှေ(၁၇) ခု၊ ငွေ (၅) ခု၊ ကြေး (၁၁) ခုဖြင့် စုပေါင်းတံခွန် စိုက်ဆုဖလားရရှိသည့်  မန္တလေးတိုင်းဒေသကြီး အသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်သည်။

“၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ”ကို မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အမျိုးသားအသင်း ၁၄ သင်းနှင့် အမျိုး သမီးအသင်း ၁၄ သင်းဖြင့် မတ် ၇  ရက် မှ ၁၁ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။