နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးနှင့် ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုမှ တစ်ရွာလျှင် လူ ၅၀ ဦး စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

Saturday, March 9, 2024 - 05:00

          နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းဆောင်ရန်အတွက် ဖေဖော်ဝါရီလအတွင်းက တပ်မတော်မှလာရောက် ခေါ်ဆောင်သွားကြောင်းနှင့် ဥတ္တရသီရီမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်ရွာ လျှင် လူငယ် ၂၀ ဦး စုဆောင်းပေးရန် တောင်းခံနေကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

           အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ်ထိတ်လန့်မှု မရှိစေရန် အတွက် ဥတ္တသီရီမြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူ တစ်ဦးတို့ထံ ဆက်သွယ်မေးမြန်းချက်အရ မှန်ကန်မှုမရှိသည့်သတင်းအမှားများသာ ဖြစ်ပြီး ဥတ္တရသီရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် လူငယ် ၂၀ ဦး စုဆောင်းပေးရန်နှင့် ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်း ဆောင်ရန် ခေါ်ဆောင်ခြင်းမရှိကြောင်း သိရှိရသည်။

          အလားတူ ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာကို တစ်ရွာလျှင် လူ ၅၀ ဦး စစ်မှုထမ်းဆောင်ရန် စုဆောင်းနေကြောင်း သတင်း တု၊ သတင်းအမှားများဖြင့် ပြည်သူများအားစိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ရေးသားလျက်ရှိပါသည်။ ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် တည်ငြိမ် အေးချမ်းသာယာရေးကိုမလိုလားသည့် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ စစ်မှုထမ်းရန် ပေါ်တာဆွဲခြင်း၊ လမ်းသွား လမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများဖြင့် နိုင်ငံ အတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန်အတွက် ဝါဒဖြန့်လှုံဆော်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။