မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် စစ်မှုထမ်းရန် ရပ်ကွက် တစ်ခုကို လူ ၂၀ တောင်းခံနေကြောင်း ကောလာဟလသတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၇

Thursday, March 7, 2024 - 15:45

          မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်မှုထမ်းရန်အတွက် ရပ်ကွက်တစ်ခုလျှင် လူ ၂၀ ပေးရန် တောင်းခံနေကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်များက လုပ်ကြံရေးသား ပြီး လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်များမှ ရပ်ကွက်တစ်ခုလျှင် လူ ၂၀ ဦးကို တောင်းခံနေသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ တရားမဝင်ပြည်ဖျက် မီဒီယာများသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့မှစ၍ ပြည်သူ များစိုးရိမ်ထိတ်လန့်စေရန်အတွက် သတင်းတု၊ သတင်းအမှားများဖြင့် နေစဉ်နှင့်အမျှ ခြောက်လန့်လျက်ရှိသည်ကို မိဘပြည်သူများအနေနှင့်လည်း သိရှိပြီးဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ပြဋ္ဌာန်းချက်များသည် မြို့နယ်တစ်ခု၊ ကျေးရွာ တစ်ရွာစသည့် တစ်ဦးတစ်ယောက်တစ်မြို့တည်းကိုသာ သက်ရောက်မှုရှိခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ မြို့ရွာများမှ အကျုံးဝင်သူအားလုံးနှင့် သက်ဆိုင်သော ဥပဒေပြဋ္ဌာန်းချက်ဖြစ်သည့်အတွက် ကောလာဟလသတင်းများကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရန်နှင့် သိရှိနားလည်စေရန်အတွက်လည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ မိမိတို့သိရှိလိုသည်များ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ ကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို နိုင်ငံပိုင်မီဒီယာများမှ တဆင့် ထုတ်ပြန်ကြေငြာထားရှိကြောင်း သတင်းရရှိသည်။