တပ်မတော်က ဓာတုဗုံးအသုံးပြုပြီး ကနီမြို့ကိုတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၆

Wednesday, March 6, 2024 - 20:15

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ကို မတ်လ ၅ ရက်နေ့က တပ်မတော်မှ ဓာတုဗုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်သူများအထင် အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ကနီမြို့ကို တပ်မတော်မှ ဓာတုဗုံးအသုံးပြု၍ တိုက်ခိုက် ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခင်တိုက်ပွဲ များတွင်လည်း  ၎င်းတို့ထိခိုက်သေဆုံးမှုများပြားသည့်အချိန်များတွင် ထိုကဲ့သို့ တရားမဝင်ပြည်ဖျက်မီဒီယာများမှတဆင့် ဓာတုဗုံးများနှင့် အဆိပ်ငွေ့ဗုံးများကို တပ်မတော်မှ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြင့်  လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။