မြို့နယ်အချို့၌ ပြည်သူလူထုမှ တူမီးသေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

Tuesday, May 18, 2021 - 13:45

မြို့နယ်အချို့၌ ပြည်သူလူထုမှ တူမီးသေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ မေ ၁၈

            တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူ လူထုများက ၎င်းတို့၏ သဘောဆန္ဒအလျောက် တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအား အုပ်ချုပ်ရေးတာဝန်ရှိ သူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့လျက်ရှိရာ မေလ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ စမ်ချောင်းကျေးရွာအုပ်စုမှ  ဒူးလေး ၈ လက်၊မြှားတံ ၁၂ ချောင်းအား လည်းကောင်း၊ မေလ မေ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စုမှ တူမီးသေနတ် ၅ လက်အားလည်းကောင်း၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်လုပ်တူမီးသေနတ် ၂၄ လက်အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

          ထိုကဲ့သို့ ပြည်သူလူထုမှ လာရောက်အပ်နှံသော တူမီးသေနတ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များက  လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။