မြန်မာပြည်သူလူထုကို စိုးရိမ်ထိတ်လန့်စေရန်လုပ်ဆောင်နေသည့် ပြည်ဖျက်မီဒီယာများအကြောင်းနှင့် ၎င်းတို့၏လတ်တလောလုပ်နည်းလုပ်ဟန်များအကြောင်းအား မိဘပြည်သူများ ပိုမိုသိရှိသတိပြုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြော

Saturday, February 24, 2024 - 17:15

အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့မြန်မာ ပြည်သူလူထုကို စိုးရိမ်ထိတ်လန့်အောင်လုပ်နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့အကြောင်း နဲ့ လတ်တလောလုပ်နည်းလုပ်ဟန်များအကြောင်းကို ကျွန်တော်တို့မိဘပြည်သူများ ပိုမိုသိရှိသတိပြုနိုင်ဖို့ တင်ပြလိုပါတယ်။ ပထမဦးစွာဖြစ်ပေါ်နေတဲ့တိုက်ပွဲများ အကြောင်း၊ တိုက်ပွဲများအကြောင်းနဲ့ပတ်သက်ပြီးတော့ ရေးသားနေတာတွေရှိပါလိမ့် မယ်။ ပြည်ဖျက်မီဒီယာတွေကလည်းအမျိုးမျိုး ပညာရှင်အမည်ခံသုံးသပ်နေတဲ့သူတွေ လည်းတွေ့ရပါလိမ်မယ်။ ဒီနေရာမှာတပ်မတော်အနေနဲ့ လတ်တလော ဘယ်လောက် ကျသွားပြီတို့၊ ဘယ်လောက်သေသွားပြီတို့ ဒါမျိုးတွေ ဦးစားပေးထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင်ပြည်သူလူထုကို တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်တဲ့အနေနဲ့ ဘယ်နေရာကိုတော့သိမ်းလိုက်ပြီ ဘယ်နေရာကိုတော့ ဆက်ပြီးလုပ်မယ်ဆိုတဲ့ဟာမျိုး တွေ‌ ဆောင်ရွက်‌နေတာရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခါပြောကြားခဲ့ဖူးပါ တယ်။ ဘယ်သူတွေပဲ သေသေ ဘယ်သူတွေပဲဒဏ်ရာရရ ပြည်ပမှာနေတဲ့သူတွေ၊ ပြည်ပနိုင်ငံတွေက နိုင်ငံသားတွေဒဏ်ရာရတာမဟုတ်ဘူး၊ သေကြေပျက်စီးတာ မဟုတ်ပါဘူး။ ဂုဏ်ယူစရာ မရှိပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲ သေကြေ ပျက်စီး ဒဏ်ရာရတာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်မေးခွန်းထုတ်လိုတာက ပြည်ဖျက် NUG၊ CRPH အဖွဲ့တွေ ရဲ့မြှောက်ပင့်ပေးမှုကြောင့် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့ထဲကိုရောက်သွားတဲ့ ကျွန်တော်တို့ရဲ့လူငယ်၊ လူရွယ်တွေ ဘယ်လောက်အထိ သေခဲ့ကြပြီလဲ။ ဘယ်လောက်အထိ ဘဝပျက်ခဲ့ကြပြီလဲ။ NUG၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် လက်နက်ကိုင်ပြီး ဒီမိုကရေစီ နည်းလမ်းမကျစွာ သောင်ကြမ်းသူလုပ်နေတဲ့ လူငယ်၊ လူရွယ်တွေ၊ ဝင်သွားတဲ့ လူငယ်လူရွယ်တွေထဲက ဘယ်လူငယ်လူရွယ်တွေနဲ့ မိဘပြည်သူများ အဆက်အသွယ် ရရှိပါသလဲ။ သူတို့ဘယ်လောက်အထိ စိတ်ချမ်းသာစွာနေရတယ်။ ဘယ်လောက်အထိ လုံခြုံစိတ်ချစွာနေရတယ်ဆိုတဲ့ အဖြေမျိုးကိုဘယ်သူက တိတိ ကျကျများထုတ်ပေး နိုင်ပါသလဲ။ ဒါကိုပထမဦးဆုံး သတိချပ်ရမှာဖြစ်ပါတယ်။ သူတို့အနေနဲ့အကြောက်ဆုံး ကတော့ မြန်မာတွေစုစည်းညီညွတ်သွားမှာ၊ သူတို့ရဲ့ အခြေအနေတွေကို အဖြစ်မှန် အတိုင်း ပြည်သူသိသွားမှာကိုစိုးရိမ်ဆုံးပါပဲ။ ဒါ့ကြောင့် ကောလာဟလအမျိုးမျိုး ထုတ်လွှင့်ပြီးတော့ လိမ်လည်နေတာဖြစ်ပါတယ်။ လက်တွေ့ဟုတ်မဟုတ် စမ်းစစ်ကြည့်လိုက်ပါ။ မြှောက်ပင့်ပေးလို့ တောထဲရောက်သွားတဲ့ လူငယ်တွေနဲ့ မိဘပြည်သူတွေဘယ်လောက်များ အဆက်သွယ်ရပြီးပါပြီလဲ။ ဘယ်သူတွေက လုံခြုံစိတ်ချ၊ ကျန်းမာကောင်းမွန်စွာနေရပါတယ်လို့ အာမခံချက် ပေးနိုင်တာရှိပါပြီလဲ။

နောက်တစ်ခုကတော့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ပြီးအာဏာတည်ဖို့ ပြဌာန်းလိုက်တဲ့အချိန်မှာ ဒီပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အားလုံး လူငယ်တိုင်းပဲ၊ အခုလောလောဆယ်ပဲ၊ အခုချက်ချင်းပဲ တပ်ထဲဝင်ရမလို့ ချက်ချင်းပဲ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမလို ဒါတွေနဲ့ခြောက်လှန့်ခဲ့တာ ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ သက်ဆိုင် ရာအဖွဲ့တွေအနေနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေဖွဲ့စည်းတယ်။ ပြန်ကြားပေးဖို့ အတွက် ဖုန်းနံပါတ်တွေပေးပြီး ပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့ ဖြေရှင်းတဲ့အခါမှာ ဒါတွေသည် မဟုတ်ဘူး။ အလှည့်ကျဆောင်ရွက်ရမယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဘာ့ကြောင့် တာဝန်ယူခိုင်းတာဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဘာ့ကြောင့်ဆောင်ရွက်ခိုင်းတာဖြစ်တယ်ဆိုတဲ့ အဖြေမျိုးပြည်သူလူထု ဆီကိုရောက်သွား တဲ့အခါမှာ အခုအချိန်မှာတစ်မျိုးပြောင်းပြီးတော့ကျ ပြည်သူ လူထုကို စိုးရိမ်ထိတ်လန့်မှု ဖြစ်အောင်လုပ်နေပါတယ်။ ဒီဟာတွေကတော့ လူငယ်တွေဘယ်နေရာမှာပျောက်သွားတယ်တို့၊ ဘယ်နေရာမှာဖမ်းဆီးခံရတယ်တို့၊ ဘယ်နေရာမှာအတင်းအဓမ္မ စစ်သားစုဆောင်းနေပြီတို့၊ ဘယ်နေရာမှာပေါ်တာ ဆွဲနေပြီဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်များ ဆက်တိုက်ဖြစ်ပေါ်လာတာကို‌ တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ဟာတွေပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်း လင်းလင်းပြောကြားချင်တာက ဘယ်နေရာမှာ နာမည်ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်။ ဘယ်နေရမှာနာမည်ဘယ်သူနဲ့ လူငယ်တွေပျောက်ဆုံးနေတယ်။ ဘယ်နေရာမှာနာမည်ဘယ်သူနဲ့လူငယ်အဖွဲ့တွေကို ပေါ်တာဆွဲသွားတယ်ဆိုတာ သိရရင်၊ သတင်းတိကျတယ်ဆိုရင် ကျွန်တော်တို့ပေးထား တဲ့ဖုန်းနံပါတ်များရှိပါတယ်။ အချိန်မရွေးဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ကလည်း ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ လုံခြုံရေး၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားများ တောင့်တင်းစေရေးအတွက် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အချိန်မှာ ဒီခြိမ်းခြောက်မှုတွေ၊ ဒီ စိုးရိမ်ထိတ်လန့် အောင်ဆောင်ရွက်မှုတွေ ကောလာဟလထုတ်လွင့်မှုတွေကတော့ ဒီပြည်ဖျက်မီဒီယာ တွေ၊ NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဆက်လက်ဆောင်ရွက် နေဦးမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ယခင် ကပြောခဲ့သလို သူတို့အကြောက်ဆုံးက မြန်မာတွေစုစည်းသွားမှာသိပ်ကြောက်တယ်။ အဖြစ်မှန်ကို ပြည်သူတွေသိသွားမှာသိပ်ကြောက်တယ်။ ဒါ့ကြောင့်မလို့ ကောလာဟလ လှိုင်းလုံး တစ်လုံးပြီးတစ်လုံးနဲ့ ဆောင်ရွက်နေမှာဖြစ်ပါတယ်။ ကောလာဟလအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ မေးမြန်းစုံစမ်းနိုင်ပါတယ်။ အချိန်မရွေးတိုင်ကြား နိုင်ပါတယ်။ ကျွန်တော်ထပ်အာမခံတာက အချိန်မရွေးတိုင်ကြားနိုင်တယ်။ ပြောနိုင် တယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့မိဘပြည်သူများအနေ နဲ့ ဒီသတင်းခေတ်မှာကောလာဟလ လှိုင်းလုံးတွေ စိုးရိမ်ထိတ်လန့်အောင် လုပ်ကြံ ဖန်တီးဆောင်ရွက်နေတဲ့ မီဒီယာများရဲ့ဆောင်ရွက်ချက်များ၊ NUG၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ အချို့သော EAOs များရဲ့ ခြောက်လန့်မှုများအပေါ်မှာ အားလုံး သည်မိမိရဲ့အသိဉာဏ်၊ မိမိရဲ့ သတင်းအပေါ်မှာချင့်ချိန်နိုင်တဲ့ဉာဏ်တွေနဲ့ ဆောင်ရွက် ပြီးတော့ အားလုံးစည်းလုံးညီညွတ်ကြပါစို့လို့ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။