Friday, February 23, 2024 - 18:15
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ များနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ပေးပို့လှူဒါန်းသည့် ငါးနီတူ ခြောက်ကြော် ၆၆၂၀ ထုပ်၊ ငါးပိကြော် ၅၄၅၀ ထုပ်နှင့် ငံပြာရည် ကြော် ၄၀၀ ထုပ်တို့အား
ပုသိမ်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်အရောက် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။