မြောင်းမြမြို့ရှိ သက်ဆိုင်ရာဌာနများမှ အစိုးရဝန်ထမ်းများ စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် ဝန်ထမ်း ၂ ဦးစီ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ကောလာဟလ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂

Friday, February 23, 2024 - 18:15

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ သက်ဆိုင်ရာဌာနများမှ အစိုးရဝန်ထမ်း များကို စစ်မှုထမ်းဥပဒေအရ ဌာနတစ်ခုလျှင် ဝန်ထမ်း ၂ ဦးစီ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စတင်စာရင်းပေးရမည်ဖြစ်ကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က အများပြည်သူ အထင်အမြင်လွဲမှားဖွယ် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာအချို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး လူငယ်လူရွယ်များနှင့် မိဘပြည်သူများအပြင် နိုင်ငံ့ဝန်ထမ်းများကိုပါ စိုးရိမ်ထိတ်လန့်စေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ကောလာဟလ သတင်းအမှားများ၊ လုပ်ကြံဝါဒဖြန့်သတင်းများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ လျက်ရှိပါသည်။  

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ပြဋ္ဌာန်းချက်များသည် မြို့နယ်တစ်ခု၊ ကျေးရွာတစ်ရွာစသည့် တစ်ဦးတစ်ယောက်တစ်မြို့တည်းကိုသာ သက်ရောက်မှု ရှိခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ မြို့ရွာများမှ အကျုံးဝင်သူအားလုံးနှင့် သက်ဆိုင်သော ဥပဒေပြဋ္ဌာန်းချက်ဖြစ်သည့်အတွက် ကောလာဟလသတင်းများကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရန်နှင့် သိရှိနားလည်စေရန်အတွက်လည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို နိုင်ငံပိုင်မီဒီယာများမှ တဆင့်ထုတ်ပြန်ကြေငြာလျက်ရှိကြောင်း သတင်းရရှိပါသည်။