စစ်တွေမြို့နှင့်ကျောက်ဖြူမြို့တို့ကို လေယာဉ်ဖြင့် ပြန်လာသည့်ခရီးသည် ၆၀၀ နီး ပါး ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁ ရက်

Friday, February 23, 2024 - 17:45

          ရန်ကုန်မြို့မှ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ကို လေယာဉ်ဖြင့်ပြန်လာသည့် ခရီးသည် ၆၀၀ နီးပါးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က အဆိုပါလေဆိပ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနေကြောင်း ပြည်သူများကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထင်အမြင်လွဲမှားစေမည့် သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ ရန်ကုန်မြို့မှ စစ်တွေနှင့် ကျောက်ဖြူကို လေယာဉ်ဖြင့်ပြန်လာ သည့် ခရီးသည်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ ပုံမှန်စစ်ဆေးခြင်း များသာပြုလုပ်လျက်ရှိပြီး ဖမ်းဆီးခြင်းမရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ အချို့က ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားခြင်းဖြစ်ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်နှင့် တည်ငြိမ် အေးချမ်းမှုမရှိစေရန်အတွက် AA အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်လျက် ရှိပြီး အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ထောက်ခံအားပေးခြင်း မရှိသည့်အတွက် ထိုသို့ သတင်းတု၊ သတင်းအမှားဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားလာစေရန် ဝါဒဖြန့်ရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။