စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ချီပါကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ချီပါတောင်ရွာနှင့် ချီပါမြောက် ရွာတို့မှ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က အထင်အမြင်လွဲမှားဖွယ် လုပ်ကြံ ဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ချီပါကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိပြီး ဒေသခံများအား ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေတည်ငြိမ် ရေးနှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းအဖွဲ့များကို PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က သင်တောကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်များအရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံအတွင်း အလုံးစုံပျက်သုဉ်း ရေးကို ဦးတည်လုပ်ဆောင်နေပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်း ဖက်လုပ်ရပ်များကို ပြည်သူများအား သတင်းအမှောင်ချပြီး တစ်ဖက်သတ် စွပ်စွဲ ရေးသားချက်များကိုသာ အမြဲထုတ်လွှင့်နေလျက်ရှိပါသည်။ ယခုဖြစ်စဉ်သည်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို ပြည်သူများက ကြောက်ရွံ့ထိတ်လန့်လာပြီး လက်ခံနိုင်ခြင်းမရှိသည့်ကို တန်ပြန်ဝါဒဖြန့် ဆောင်ရွက်ခြင်းနှင့် မြေပြင်တွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများမှ တိုက်ပွဲများတွင်ထိခိုက်သေဆုံးမှုများပြား နေခြင်းကြောင့် တိုက်ခိုက်လိုစိတ်များမရှိတော့သည့်အတွက် ထိုသို့ ဝါဒဖြန့်မှုများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။