ကန်ကြီးထောင့်မြို့ ၊  မြင်းကဆိပ်တွင် စစ်သင်္ဘောဆိုက်ကပ်ပြီး ဒေသခံလူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန် စီစဉ်နေကြောင်းနှင့် ပုသိမ်မြို၊ ပုသိမ်ကြီးမြို့တို့တွင် စစ်မှုထမ်းဆောင် ရန်နှင့်ပတ်သက်၍ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ ၂၀၂၄ ခုနှ

Thursday, February 15, 2024 - 16:30

          ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊  မြင်းကဆိပ်တွင် စစ်သင်္ဘော ဆိုက်ကပ်ပြီး ဒေသခံ လူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန်စီစဉ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေး သားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်ကျေးရွာသို့ စစ်သင်္ဘောဆိုက်ကပ်ခဲ့ခြင်း လုံးဝမရှိကြောင်းနှင့် မြင်းကဆိပ် ကျေးရွာသည် ဆန်စက်ကြီး ၇ လုံး တည်ရှိပြီး ဆန်၊ စပါးများကို ပုသိမ်၊ ရန်ကုန်နှင့် အခြားမြို့နယ်များသို့ သယ်ဆောင်ပေးပို့ခြင်းများအတွက် စက်လှေ၊ သင်္ဘောများ နေ့စဉ် ဆိုက်ကပ်လျက်ရှိပြီး စည်ကားသည့် ဆိပ်ကမ်းတစ်ခုတည်ရှိသည့် ရွာကြီးတစ်ရွာဖြစ် ကြောင်းနှင့်ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှု များပြားပြီး အနီးဝန်းကျင်ကျေးရွာများမှ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားသည့်  ကျေးရွာကြီး ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

          အလားတူ ပုသိမ်တက္ကသိုလ် ဆရာနှင့်ကျောင်းသားများ စစ်မှုထမ်းရမည်ဟု ပြောကြားမှုရှိခဲ့ကြောင်းနှင့်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ အုပ်စုမှ  ဆယ်တော်ကျေးရွာ၊ တမုတ်စိုးကျေးရွာတို့မှ လူငယ် ၃၅ ဦးအား စစ်မှုထမ်းရန် ဖမ်းဆီးခဲ့ကြောင်း ကောလာဟလ သတင်းတု၊ သတင်းမှားများကို ပြည်သူများ ကြောက်ရွံ့ ထိတ်လန့်စေရန်အတွက် ပြည်ဖျက်မီဒီယာအချို့မှ သွေးထိုးလှုံ့ဆော်နေကြောင်းတွေ့ရှိ ရပြီး လုပ်ကြံဖန်တီး လိုရာရေးသား၍ ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်းသိရှိရပါသည်။       ထိုသို့ ပြည်ဖျက်မီဒီယာအချို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့ထိတ်လန့်မှုများမဖြစ်ပေါ်စေရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း နိုင်ငံပိုင်မီဒီယာများမှတဆင့် ရှင်းလင်းပြောကြား လျက်ရှိပြီး ပြည်သူများထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိရှိလိုသည့်အချက်များကို အသေးစိတ်စုံစမ်းမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ ကိုလည်း ထုတ်ပြန်ကြေငြာပေးပြီးဖြစ်ကာ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း နှင့်ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးသည့် လုပ်ရပ်များ၊ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့် ညီညွတ်မှုမရှိသော လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခြင်းမရှိကြောင်း သတင်းရရှိ ပါသည်။