မုံရွာမြို့ပေါ်တွင် တပ်မတော်က လူငယ်များကို ဖမ်းဆီးနေမှုများကြောင့် မြို့ပေါ်တွင် အသွားအလာမရှိဘဲ မြို့ခြောက်ကပ်သွား ဟု မဟုတ်မမှန်သတင်းများကို ဝါဒဖြန့် နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ရက်

Monday, February 12, 2024 - 15:45

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်တွင် တပ်မတော်က လူငယ်များကို ဦးတည် ဖမ်းဆီးမှုများလုပ်ဆောင်နေသဖြင့် ယနေ့မြို့ပေါ်တွင် အသွားအလာမရှိဘဲ ခြောက်ကပ် နေကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင်လည်း ဖမ်းဆီးမှုများ လုပ်ဆောင် ခဲ့ရာတွင် လူငယ်တချို့အဖမ်းခံရကြောင်း၊ ထို့ပြင် ယမန်နေ့ နံနက်ပိုင်း မုံရွာ- မန္တလေး လမ်းပေါ်တွင် လူငယ် ၄၀ ကျော်ထက်မနည်းကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး ပေါ်တာဆွဲသည်ဟု ပြောဆိုခဲ့သဖြင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေကြ သည်ဟု မဟုတ် မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          မုံရွာမြို့ပေါ်တွင် ပုံမှန်သွားလာနေထိုင်မှုများရှိပြီး တပ်မတော်က ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်မှာ သတင်းမှားသာဖြစ်ပါသည်။ နိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်သည့်အမိန့်ထုတ်ပြန်ပြီးနောက် အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက ပြည်သူလူထုကိုကြောက်လန့်အောင်  ခြိမ်းခြောက်ခြင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပျက်ပြားအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။