ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်သူ့စစ်မှု ထမ်း ဥပဒေအာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာကတော့ ယခုမှ အသစ်ပြ ဋ္ဌာန်းလိုက်တဲ့ ဥပဒေမဟုတ်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်က တည်ကတိုင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာရှိပါတယ်။ အဲ့ဒီနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင် ဘာလထဲမှာ ဥပဒေအမှတ် ( ၂၇ / ၂၀၁၀ ) နဲ့ ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပေဒေ ကို ပြင်ဆင်ပြီးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းပြင်းအားဖြင့် ပြောရမယ်ဆို ရင်တော့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ အခန်း ၈ ခန်း ပါပါတယ်။ ဒီအခန်း ၈ ခန်းထဲမှာ အရေးကြီးတဲ့ ဟာတွေကိုပဲ ကျွန်တော်ထုတ်နှုတ်ပြီး ပြောလိုပါတယ်။ အခန်း ၁ မှာတော့ စစ်မှုထမ်းရမယ့် ကာလတွေ၊ ဒီစစ်မှုထမ်းရမယ့် ကာလတွေ မှာ ဒီစစ်မှုထမ်းရမယ့် အသက်အရွယ်တွေ၊ ကာလတွေ၊ စစ်မှုထမ်းရမယ့် အသက် အရွယ်အနေနဲ့ နိုင်ငံသားတိုင်း အမျိုးသားဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ် မကျော်သေးတဲ့ လူတွေ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မကျော်သေးတဲ့ သူတွေဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ ကတော့ အမျိုးသား အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးတဲ့ လူတွေ၊ အမျိုးသမီး အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးတဲ့ သူတွေ အားလုံးသည် စစ်မှုထမ်းဆောင်ဖို့အတွက် တာဝန်ရှိပါတယ်။ စစ်မှုထမ်းဆောင်ရ မယ့်ကာလကတော့ ၂၄ လ နှစ် နှစ် ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ ၃၆ လ သုံး နှစ်ဖြစ်ပါတယ်။
ဒီပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့်မလို့ ဒီဧာတွေကို စောင့်ထိန်းဖို့ တာဝန်ရှိတာနဲ့အညီ စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒါပြင် နိုင်ငံသားတွေ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်မှာ နိုင်ငံသားတွေရဲ့ မူလ တာဝန်ဝတ္တရားတွေရှိပြီးဖြစ်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၃၈၅ မှာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး ၊ အချုပ်အခြာအာဏာ နဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံ သားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၈၆ မှာတော့ နိုင်ငံ သားတိုင်းသာ ဥပဒေပြဋ္ဌာန်းချက်များနဲ့ အညီစစ်ပညာသင်ကြားရန်နဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထား တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေနဲ့အတူတူပဲ ဒီနိုင်ငံသားတိုင်း စစ်မှုတာဝန် ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်ဟာ ပုဒ်မ ၂၀(ဃ)မှာ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံ ဆောင်ရွက်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားတာတွေ့ရမှာဖြစ်ပါတယ်။ ဒါ့ပြင်ဒီလို ဆောင်ရွက်တဲ့နေရာမှာ အခြေခံဥပဒေ ၃၃၉ မှာ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ ပုဒ်မ ၃၄၀ မှာ တပ်မတော်ဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးမှာ ပြည်သူတစ်ရပ် လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျုဧာ ဖော်ဆောင်ရမည်လို့ ပါရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပေဒကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇ / ၂၀၁၀) နဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဲ့တစ်ရက်ထဲမှာပဲ နောက်ထပ် ဥပဒေ တစ် ခုရှိပါသေးတယ်။ အဲတာကတော့ ဥပဒေအမှတ် ( ၂၈ / ၂၀၁၀) နဲ့ ပြဋ္ဌာန်းခဲ့တယ် ။ အရန်တပ်ဖွဲ့ ဥပဒေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်မှုမထမ်းမနေရပြဋ္ဌာန်းထား တဲ့ နိုင်ငံပေါ့ ၁၈ နိုင်ငံခန့်ရှိကြောင်းကို လေ့လာတွေ့ရှိပါတယ်။ တချို့အပိုင်းတွေ မှာတော့ National Service အမျိုးသားစစ်မှုထမ်း စနစ် ဆိုတဲ့ခေါင်းစဉ်မျိုးတွေ ပြဋ္ဌာန်းထားတာမျိုးတွေ တွေ့ရပါတယ်။ အမျိုးသားစစ်မှုထမ်းတာဝန် National Service ကို တာဝန်ထမ်းဆောင်တဲ့နေရာမှာတော့ ပုံသဏ္ဍန် မျိုးမျိုးနဲ့ တာဝန် ထမ်းဆောင်ရတာကို တွေ့ရပါမယ်။ အကြမ်းပြင်းလေ့လာကြည့်ရင်တော့ စစ်မှု ထမ်းဆောင်ဖို့အတွက် ဥပဒေ ပြဋ္ဌာန်းပြီးတော့ကြ စစ်မှုထမ်းဆောင်စေခြင်းမရှိ တဲ့ နိုင်ငံတွေလဲ ရှိပါတယ်။ ခုနပြောတဲ့ စစ်မှုထမ်းဆောင်တဲ့ ဥပဒေ ပြဋ္ဌာန်းပြီး မဖြစ်မနေ စစ်မှုထမ်းဆောင်စေတဲ့ နိုင်ငံတွေလဲ ရှိပါတယ်။ နောက်တစ်မျိုးက တော့ ထူးခြားတဲ့ အြေခအနေတစ်ရပ်အတွင်း ဥပဒေ ပြဋ္ဌာန်းပြီး စစ်မှုထမ်း ဆောင်စေတဲ့ နိုင်ငံများဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မဖြစ်မနေစစ်မှုထမ်း ဆောင်ခြင်းနဲ့ ဆန္ဒအရ စစ်မှုထမ်းဆောင်စေခြင်း ၊ နှစ်မျိုးလုံးကို ကျင့်သုံးနေတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ မဖြစ်မနေ စစ်မှုထမ်း ဥပဒေ ပြ ဋ္ဌာန်းပြီး စစ်မှုထမ်းဆောင်စေတဲ့ နိုင်ငံများမှာ တပ်မတော်များမှာ တာဝန်ထမ်း ဆောင်တဲ့ နေရာမှာ အရပ်ဖက်လုပ်ငန်းတွေ ၊ လက်နက်မကိုင်ရတဲ့ လုပ်ငန်းတွေ ၊ တိုက်ပွဲမဝင်ရတဲ့ နေရာတွေမှာ ရွေးချယ်အမှုထမ်းတဲ့ နိုင်ငံတွေလဲရှိပါတယ်။ နောက်တစ်မျိုးကတော့ မဖြစ်မနေ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီး စစ်မှုထမ်း ဆောင်စေတဲ့ နိုင်ငံများရဲ့ စစ်တပ်များမှာ တာဝန်ထမ်းဆောင်ရာမှာ ရွေးချယ်ပိုင် ခွင့်မရှိတဲ့ နိုင်ငံများလဲ ရှိပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ စစ်မှုမထမ်းမနေ ရ ဥပဒေပြဋ္ဌာန်းပြီး တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိ ၁၈ နိုင်ငံရှိကြောင်းကို တွေ့ရပါတယ်။ ဥပမာအနေဖြင့် ဩစတြေးလျ ၊ ဂျာမနီ၊ အီရမ် ၊ မလေးရှား ၊ မက္ကဆီကို၊ နော်ဝေ ၊ထိုင်းဝမ် ၊ ရုရှား ၊ စင်ကာပူ၊ တောင်ကိုရီးယား ၊ ဆွီဒင် ၊ဆွစ် ဇာလန် ၊ တူရကီ စတဲ့ နိုင်ငံများဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ဖို့အတွက် မဖြစ် မနေ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒီလိုပါပဲ တစ်ချို့နိုင်ငံတွေမှာ ခုန ကျွန်တော် ပြောခဲ့တဲ့ ၆ မျိုး ပုံစံမျိုးတွေနဲ့ ရှိပါတယ်။ တစ်ချို့နိုင်ငံတွေကတော့ စစ်မှုမထမ်း မနေရ စနစ်ကိုပဲ မပျော်တမ်းတပ်ဖွဲ့တွေ ၊ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့တွေ ၊ ဒီလို ပုံစံမျိုးနဲ့ တာဝန်ထမ်းဆောင်နေတာမျိုးတွေလဲ ရှိပါတယ်။
ဒါကြောင့်မို့ ကျွန်တော်ပြောချင်တာက ကမ္ဘာပေါ်မှာတော့ စစ်မှုထမ်း ဆောင်ခြင်းဆိုတာသည် နိုင်ငံတော်ကာကွယ်ရေး ၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူအားလုံးမှာ တာဝန်ရှိတာနဲ့ အညီ ပြဋ္ဌာန်းချက်အမျိုးမျိုး ဥပဒေအမျိုးမျိုး နဲ့ ပြဋ္ဌာန်းသက်ဝင်လှုပ်ရှားနေတာပဲဖြစ်တယ် ဆိုတာကို ပြောလိုပါတယ်။ ကျွန်တော်တို့ ဒေသတွင်း နိုင်ငံများအနေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လာအို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုရင် ၁၉၉၁ ခုနှစ်ကတည်းကတိုင် စတင်ပြ ဋ္ဌာန်း ကျင့်သုံးနေတာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အမျိုးသား ၁၈ နှစ် အထက်နဲ့ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီး ၂၀ နှစ်အထက် ကျန်းမာရေးကောင်း မွန်သူ အကုန်လုံးဟာ ပြည်သူ့စစ်ဌာနချုပ်အလိုက် တပ်သားသစ်စာရင်းသွင်းပြီး သင်တန်းပေးလေ့ကျင့် ၃ နှစ် စစ်မှုထမ်းတာဝန် ထမ်းဆောင်ရတာဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းတွေကတော့ စစ်မှုထမ်းဆောင်ရန်မလိုပဲနဲ့ လေ့ကျင့်ရေးစစ်ပညာ အခြေခံသင်တန်းကို သက်ဆိုင်ရာ ပြည်နယ်စစ်ဌာနချုပ်တွေမှာ ၆ လ သင်တန်း တတ်ရတာမျိုးတွေ့ပါတယ်။ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆိုရင် အမျိုးသားအားလုံး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ်လို့ ပြဋ္ဌ ာန်း ထားတာရှိပါတယ်။ အရန်တပ်သားအဖြစ် မှတ်ပုံတင်သူတွေဟာ အသက် ၂၁ နှစ် ပြည့်တဲ့ နှစ်မှာ မိမိစစ်မှုထမ်းဆောင်ရန် မှတ်ပုံတင်ထားတဲ့ မြို့နယ်တွေမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ စစ်သင်တန်းတတ်ရောက်ရန် စာရွက်စာတမ်း များ တောင်းယူရပါတယ်။
ပြီးရင် ကျွန်တော်တို့ စာရင်းသွင်းပြီးရင် ဥပဒေအရ စစ်မှုထမ်းဆောင် နိုင်ရေးရွေးချယ်အပေါ်မှာ မဲနှိုက်ရပါတယ်။ အနီမဲနဲ့ အနက်မဲဆိုပြီး နှစ်မျိုးရှိပြီး အနီမဲရတဲ့သူတွေက စစ်မှုထမ်းဆောင်ရပြီး၊ အနက်မဲရတဲ့သူတွေက စစ်မှုထမ်း ဆောင်ရန် ကင်းလွတ်ခွင့် သူ့နေရာနှင့်သူ ပြဌာန်းကျင့်သုံးနေတာကို ကျွန်တော် တို့ တွေ့ရပါတယ်။ စင်္ကာပူနိုင်ငံဆိုလျှင် အမျိုးသားစစ်မှုထမ်းမှု ဥပဒေကို ၁၉၆၇ မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း နှစ်နှစ်စစ်မှုထမ်းတာဝန် ထမ်းဆောင်ရ တာ ဖြစ်ပါတယ်။ ဒါတွေသည် ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စစ်မှုထမ်း ဆောင်ခြင်းဆိုတဲ့ ကြောင်းအရာသည် ယခင်ကတည်းကတိုင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ယခင်ကျွန်တော်တို့ အင်္ဂလိပ်လက် ထက်ဂျပန်ခေတ်ကတိုင် ထောင်ပြုမြို့၊ ဆယ်ပြုမြို့၊ ရာပြုမြို့စတဲ့စစ်မှုထမ်းဆောင်နိုင်ရန် အတွက် မြို့အလိုက်ကနေပြီးတော့ကျ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်လျှင် မြို့အလိုက် လူဦးရေ တစ်ထောင်၊ လူဦးရေရာဂဏန်း၊ လူဦးရေဆယ်ဂဏန်း စစ်မှုထမ်း ဆောင်ရန်အတွက်၊ နိုင်ငံတော်တာဝန်ထမ်းဆောင်ရန်အတွက် လုပ်ဆောင်ပေး ရတဲ့ဟာတွေ ရှိပါတယ်။ ဒါအပြင် လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဗမာ့ လွတ်လပ်ရေတပ်မတော် BIA ဖွဲ့စည်းခဲ့ ပါတယ်။ ဒီ BIA မှာလည်း စစ်မှုထမ်းဆောင်ဖို့ စစ်စည်းရုံးဖို့ဆောင် ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ကောက်မှာ အင်အား ၂၀၀ လောက်နဲ့ စတင်ခဲ့ တဲ့ BIA ဟာ ၆လ ၇လ အတွင်းမှာ အင်အား ၅ သောင်းအထိ စစ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါ ကြောင့် မလို့လည်း လွတ်လပ်ရေးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံ အနေနဲ့ ကျင့်သုံးနေတဲ့ စစ်မဟာဗျူဟာသည် ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်ပါတယ်။ ဒါမြန်မာနိုင်ငံနှင့်အသင့်တော်ဆုံးစစ်မဟာဗျူဟာကို သုံးသက်ချ မှတ်တဲ့နေရာမှာ ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများညီလာခံကနေစပြီး ပြည်သူ့စစ်မဟာဗျူဟာအကောင်အထည်ဖော်ဖို့ စတင်ဆွေးနွေးခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ စစ်စည်းရုံးနိုင်မှုစွမ်းရည်နဲ့ ပြည်သူ့စစ်မဟာ ဗျူဟာကို ဖော်ဆောင်နိုင်မှုစွမ်းရည်တွေကို ပြည်ပကျူးကျော်မှုဖြစ်တဲ့ တရုတ်ဖြူ ကွန်မြူ တန် ကျူးကျော်စစ်ကာလ ပြည်တွင်းသောင်ကျန်းမှု အရှိန်မြှင့်တင်နေတဲ့ ကာလ တွေမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရပါတယ်။ မြစ်ဝကျွန်ပေါ်ဒေသ၊ ပဲခူးရိုးမ ဒေသတွေမှာဆိုရင် ပြည်သူအားလုံးပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံး ပြီးတော့ ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်မလို့ ပြည်တွင်းသောင်းကျန်းမှု မြန်မာ နိုင်ငံအလယ်ပိုင်းဒေသအရေးပါတဲ့ဒေသမှာပြည်တွင်းသောင်းကျန်းမှုကို အတူတူ ချုပ်ငြိမ်းသွားရခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်အခါမှာလည်း ကျွန်တော်တို့ နိုင်ငံအနေနဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ ပြည်သူ အားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုူထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့လိုအပ်လာ ပါတယ်။ ဒါတွေကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင် ရွက်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း လိုအပ်လာလျှင် အရင်အမျိုးသားစစ်မှုထမ်း စနစ်ထက်မြင့်မားတဲ့ စစ်စည်းရုံးမှု World Globalization ဆိုတဲ့ ပုံစံမျိုးအထိ လုပ်ဆောင်လာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်လာခြင်းဟာ နိုင်ငံ တော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်လာလျှင် ဆောင်ရွက် ရခြင်းသာဖြစ်ပါတယ်။ စစ်စည်း ရုံးခြင်းဆိုတဲ့ဟာတွေ ဆောင်ရွက်တဲ့အခါမှာ တော့ နိုင်ငံတော်မှာ စစ်ကာလ၊ ဒါမှမဟုတ် အရေးပေါ်ကာလရည်မှန်းချက် များကို အောင်မြင်နိုင်ဖို့အတွက် နိုင်ငံရဲ့အရင်းအမြစ်များကို စုစည်းတဲ့၊ ဖွဲ့စည်း တဲ့၊ အသုံးချတယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ ဆောင်ရွက်ရတာဖြစ် ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ယခုကျွန်တော်တို့ လက်ရှိဆောင်ရွက်နေတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေထက်မြင့်မားတဲ့ကိစ္စတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဥပမာ စစ် စည်းရုံးခြင်းတွေမှာဆိုရင် နိုင်ငံရေးအရ စစ်စည်းရုံးမှုတွေ၊ စည်းပွား ရေးအရ စစ်စည်းရုံမှု တွေ၊ စက်မှုလက်မှုလုပ်ငန်းများဆိုင်ရာ စစ်စည်းရုံးမှုတွေ ဒါကြောင့်မလို့ စစ်စည်းရုံမှု ပုံစံတွေ စစ်စည်းရုံးမှုအသွင် သဏ္ဍာန်တွေနဲ့ ဆောင် ရွက်ရတာဖြစ်ပါတယ်။ ဒီဟာဆောင်ရွက်ရခြင်းဟာ ကျွန်တော်တို့အနေနဲ့ စစ်ရေး တာဝန်တစ်ခုတည်းကို ရည်မှန်းပြီးတော့ ဆောင်ရွက်ရတာပါ။ ပြည်သူ့စစ်မဟာ ဗျူဟာရဲ့သဘောမှာ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့အကြား အဆက်အ ဆက်ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့ ရဲ့အကြား အဆက်အဆက်ကို ပြည်သူ့စစ်မှုထမ်းဥပဒေက ပိုပြီးတော့ ခိုင်မာစေ မှာဖြစ်ပါတယ်။ ပို့ပြီးတော့ တည်မြဲစေမှာဖြစ်ပါတယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့ နေရာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေအနေနဲ့က စစ်ကိုဟန့်တားနိုင်တဲ့စွမ်းရည် Utterance Power ပိုမိုပြီးရရှိလာမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးရှင်းပြရလျှင် ပြည်သူ့ စစ်မှုထမ်းဥပဒေပြဌာန်းခြင်းအားဖြင့် မိမိတို့နိုင်ငံရဲ့ကာ ကွယ်ရေးအင်အားနဲ့ မိမိတို့ပြည်သူလူထုရဲ့ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အသိစွမ်းရည် တွေကို ပြသနိုင်မှာဖြစ်ပါတယ်။ ဒီလိုပြသနိုင်ခြင်းအားဖြင့် ပြိုင်ဘက်ရန်သူတွေဟာ ရန်ပြုလိုစိတ်၊ စစ်နဲ့ယှဉ်ပြိုင်လိုစိတ်များပျောက်ကွယ်သွားလျှင် ဟန့်တားရေး မဟာဗျူဟာ အောင်မြင်ပါတယ်။ စစ်မဖြစ်ရဘဲ ဟန့်တားရေးမဟာဗျူဟာ အောင်မြင်ခြင်းဖြစ်ပါတယ်။ စစ်ကိုဟန့်တားနိုင်တဲ့ စွမ်းရည်တွေရရှိလာမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန် တော်တို့ ဒီနိုင်ငံတော်လုံခြုံရေးအတွက် ကြိုတင်အခြေအနေတွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူအားလုံး သည် စစ်မှုထမ်းစနစ်နဲ့ အကြုံးဝင်နေတဲ့အတွက် စစ် ဖက်အရပ်ဖက် ဆက်ဆံ ရေးလည်းပိုမို ကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ အမြဲတမ်း တပ်မတော်ကို အင်အားအကြီးမားဆုံး၊ အခိုင်ခန့်ဆုံး မတည်ဆောက်ဘဲ ပြည်သူ အားလုံးပါဝင်တဲ့စနစ်ကို ဖော်ဆောင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့စည်းပွားရေး တည်ဆောက်မှုနဲ့ ကာကွယ်ရေးတည်ဆောက်မှုတို့ကို ဘက်ညီမျှတစေမှာလည်း ဖြစ်ပါတယ်။ ပြီးရင်စစ်သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာမှာဖြစ် ပါတယ်။ ပြီးရင်တော့ နိုင်ငံလုံးဆိုင်ရာ စုစည်းညီညွတ်မှုတွေ ပိုမိုတိုးတက်လာ စေမှာဖြစ်ပါတယ်။ ဒီအကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်တဲ့အပြင် ကျွန်တော်တို့ နိုင်ငံရဲ့လိုအပ်နေတဲ့ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေး သွေးစည်းညီ ညွတ်မှု National Sovereignty ဒါတွေလည်း တိုးမြင့်လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ပြောလိုတာကတော့ နိုင်ငံတော်ကာကွယ်ရေး တာဝန် ဆိုတာသည် စစ်သာမှာတာဝန်ရှိတာမဟုတ်ပါဘူး၊ နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးမှာတာဝန်ရှိပါတယ်။ နိုင်ငံတော်လုံခြုံရေးတာဝန် ဆိုတာသည် အားလုံးမှာတာ ဝန်ရှိပါတယ်။ ဒါကြောင့်မလို့ ဒီပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အားလုံးက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ တာဝန်ထမ်း ဆောင်ကြဖို့ ပြောကြားလိုပါတယ်။ အားလုံးကို ကျေး ဇူးတင်ပါတယ်။