လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမား များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့/ရွာများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အား မထောက်ခံသည့် ဒေသခံပြည်သူများအား ဒလန် ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လမ်း/ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ အေးချမ်း သာယာစွာ နေထိုင်နိုင်ရေးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး နယ်မြေလုံခြုံရေးတာဝန်များကို နေ့ည မပြတ် ထမ်းဆောင်လျက်ရှိသည်။
ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက်နေပြီး လုံခြုံရေး တာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြင်ဦးလွင်မြို့၌ သံဃာတော်များ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက အောင်သပြေ ပန်းများ၊ ပန်းကုံးများ၊ အိုးစည် ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုထောက်ခံ အားပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း နယ်မြေတည်ငြိမ် အေးချမ်းရေးကို အမြန်ဆုံးရရှိအောင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Ope ration)ကို ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်ကို အခြေခံသော လက်နက် ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ(Law Of Armed Conflict) ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း (Rules Of Engagement-ROE) အတိုင်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။