နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်များခင်းကျင်းပြသ ရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရ

Saturday, February 10, 2024 - 16:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်များခင်းကျင်းပြသ ရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၀

          ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန် များခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအ နားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဉပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်း ကွင်း၌ ကျင်းပပြုလုပ်ရာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်သည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပြခန်းတာဝန်ခံများနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ Jeng Phangနော်တောင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယိမ်း အဖွဲ့များ၏ “ပြည်ထောင်စုရဲ့ ထာဝရအလှ’’ တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန် အရောင်းပြခန်းများနှင့် ရိုးရာအစားအစာအရောင်းပြခန်းများအား လိုက်လံကြည့်ရှုအားပေး ကြသည်။

အဆိုပါ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြခန်း များနှင့် ရိုးရာအစားအစာပြခန်းများအား နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်လုပ်သည့် MSME တန်ဖိုးမြင့်ထုတ်ကုန်များ၊ ပြည်ပပို့ကုန်များအပါအဝင် OROP ထုတ် ကုန်များနှင့် ဒေသထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့် ထုတ်ကုန် များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်ရရှိရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလုပ်ငန်းရှင်များတွေ့ဆုံ၍ သတင်းအချက် အလက်များ ဖလှယ် ရယူနိုင်ရေးနှင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေး ဆောင်ရွက်ရန်၊ အမျိုးဂုဏ် ဇာတိဂုဏ် တိုးတက် မြင့်မားစေရေးကို အထောက်အကူဖြစ်စေပြီး သက်ဆိုင်ရာဒေသအလိုက် ယဉ်ကျေးမှုအမွေ အနှစ်များကို ဖော်ထုတ်ပြသနိုင်သည့် ဒေသထွက်ရိုးရာ လက်မှုပညာပစ္စည်းများကိုလည်း ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော ဒေသထွက်ရိုးရာအစားအစာများကို ပြည်ထောင်စု၏ အနှစ်သာရပြည့်စုံစွာဖြင့် တိုင်းရင်းသားပြည်သူလူထုသို့ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် စသည့် ရည်ရွယ် ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

MSME ထုတ်ကုန် အရောင်းပြခန်းများအနေဖြင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုး ရေးဝန်ကြီးဌာန ထုတ်ကုန်အရောင်းပြခန်း၊ စက်မှုဝန်ကြီးဌာနထုတ်ကုန်အရောင်းပြခန်း၊ နေပြည်တော်ကောင်စီနယ်မြေ ထုတ်ကုန်အရောင်းပြခန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ထုတ်ကုန်အရောင်းပြခန်း ၁၄ ခန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC) ထုတ်ကုန် အရောင်းပြခန်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ထုတ်ကုန်အရောင်းပြခန်းများအပြင်  တိုင်းရင်းသားရိုးရာ အစားအသောက်အရောင်းဆိုင်ခန်းများအနေဖြင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ရိုးရာအစားအသောက်ပြခန်း ၁၉ ခန်းတို့ကို ဖေဖော်ဝါရီ လ ၁၀ ရက် မှ ၁၄ အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၁၀ နာရီထိ ဖျော်ဖြေရေးအစီ အစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ရောင်းချဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။