ရှားတောတွင် ကိုယ်ဝန်ဆောင်သည်အပါအဝင် ကလေး ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး သတ်ခံရ ဟု မဟုတ်မမှန်သတင်းများရေးသား ဝါဒဖြန့် နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်

Thursday, February 8, 2024 - 15:30

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦးကို တပ်မတော်က ပစ်သတ်ခဲ့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်သတင်းများကို လူမှုကွန်ရက် ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။

ထိုသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ ဖေဖော်ဝါရီ ၅ ရက်နေ့တွင်  ရှားတောဒေသအတွင်း တပ်မတော်မှ နယ်မြေလှုပ်ရှားသွားလာမှုမရှိကြောင်းနှင့် စစ်ဘေးရှောင်များကို သတ်ဖြတ်ခဲ့သည် ဆိုသည်မှာလည်း အခြေအမြစ်မရှိသည့် သတင်းမှားသာဖြစ်ကြောင်း နှင့် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလ သတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။