(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့တောင်ကြီးမြို့၌ကျင်းပ တောင်ကြီး၊ ဖေဖော်ဝါရီ - ၇

Wednesday, February 7, 2024 - 15:15

(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီလ(၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌  ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က (၇၇)နှစ် မြောက် ရှမ်းပြည်နယ်နေ့ မိန့်ခွန်းကိုပြောကြားသည်။

ထို့နောက် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ ပြခန်းများဖွင့်ပွဲကျင်းပရာ ပြခန်းများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာဘရွှေ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဂျန်ဖန်နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များမှ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ MSMEပြခန်းများအား လှည့်လှည်ကြည့်ရူ အားပေးကြ ကြောင်း သိရရသည်။

၎င်းနောက် မြို့တော်ခန်းမ၌ ကျင်းပသော (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူများအား ဂုဏ်ထူးဆောင် ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်လက်မှတ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရာ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက လည်းကောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) ရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဂျန်ဖန်နော်တောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် တာဝန်ရှိသူတို့က လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ (တတိယအဆင့်) မွေးမြူရေးဆိုင်ရာ (ဒုတိယအဆင့်) လူမှုရေးဆိုင်ရာ (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန် (ပထမအဆင့်၊ တတိယအဆင့်) ရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က    လည်းကောင်းအသီးသီး    ဆုများချီးမြှ့င့်ပေးအပ်ခဲ့သည်။                                                                  

ဆက်လက်၍   ၂၀၂၃ခုနှစ်    တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိ သူများအား ဆုများချီးမြှင့်ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု(၁၀)ဆု ရရှိသူများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရှမ်းပြည်နယ်အတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ လက်ခံရယူ ကြောင်းသိရှိရသည်။